မတ် ၁၇၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ အာဆီယံဖိုရမ်တွင် ၀င်ရောက်ဆွေးနွေးနိုင်ရန်အတွက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား ၇ မျိုးပါဝင်သည့် တိုင်းရင်းသားဖိုရမ်တစ်ခုကို ယနေ့ မတ်လ ၁၇ ရက်နေ့မှစတင်ကာ ၁၉ ရက်နေ့ထိ ရန်ကုန်မြို့ မြန်မာနိုင်ငံ ခရစ်ယာန်များ မျက်မမြင်မိတ်သယာယ ရန်ကုန်မျက်မမြင်ကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။
“ကျွန်မတို့အဓိကကတော့ တိုင်းရင်းသားတွေရဲ့ ဒေသတွေမှာဖြစ်ပျက်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ အခြေအနေတွေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒေသအသီးသီးရဲ့အဖြစ်အပျက်တွေကို ဖလှယ်သွားကြမှာပါ။ အားလုံးဆွေးနွေးပြီးမှ အာဆီယံဖိုရမ်မှာဘယ်လိုအကြောင်းအရာတွေ ၀င်ရောက် ဆွေးနွေးကြမလဲဆိုတာစဉ်းစားပြီးတိုင်ပင်ကြမှာဖြစ်ပါတယ်” ဟု ဖိုရမ်ကျင်းပရေးဒါရိုက်တာ နော်အိအိမင်းကပြောကြားခဲ့သည်။
၎င်းဖိုရမ်တွင် အဓိက တိုင်းရင်းသားဒေသ အသီးသီးရှိဖြစ်ရပ်များကို အတွေ့ကြုံဖလှယ်ကြမည်ဖြစ်ပြီး အာဆီယံဖိုရမ်သို့တင်းသွင်းမည့် Statement ကို တိုင်းရင်းသားများ တိုင်ပင်ပြီး ရေးဆွဲသွားကြမည်ဖြစ်ပြီး အာဆီယံနှင့် ချိတ်ဆက်နိုင်မည့် ကဏ္ဍများကိုဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
Comments