6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၁၊ ၂၀၁၄
M-Media
လမင်း

1489198_677563895619417_1532595188_n

ရန်ကုန် ။ ။ ၂၀၁၃ အောက်တိုဘာလတွင် ဘရူနိုင်းနိုင်ငံထံမှ အာဆီယံ ဥက္ကဌရာထူးကို လွှဲပြောင်းယူခဲ့ပြီး ဥက္ကဌတာဝန်အဖြစ် ထမ်းဆောင်နေ ရသည့်  မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပရသာ အာဆီယံပြည်သူ့ ဖိုရမ် အခမ်းအနားကို ယနေ့ မတ်လ ၂၁-ရက်နေ့မှ မတ်လ ၂၃-ရက်နေ့ထိ ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် ပြုလုပ်ကျင်းပလျက်ရှိသည်။

အာဆီယံပြည်သူ့ ဖိုရမ်ကို ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးအတွက် အာဆီယံ လူထု သွေးစည်းညီညွတ်မှု မြင့်မားရေး တို့ကို ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်သည်။ ၎င်းတို့အကြောင်းအရာများနှင့် ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲ ၂၇ ခု ကိုလည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံလူငယ်များ၏ ဖျော်ဖြေတင်ဆက်မှုများဖြင့် နံနက် ၉ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး၊ ဖွင့်ပွဲတွင် နိုင်ငံတော် သမ္မတပေးပို့သော သ၀ဏ်လွှာကို ပြည်ထောင်စု သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက ဖတ်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် အာဆီယံတွဲဖက် အတွင်းရေးမှူးး မှလည်း အမှာ စကားပြောကြားခဲ့သည်။

“အစိုးရက ဦးဆောင်ပြီးလုပ်တဲ့ ဖိုရမ်တစ်ခု မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အာဆီယံ နိုင်ငံတွေကိုလည်း သိအောင် ပြောပြပြီး ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုသမီးများရဲ့အခွင့်အရေး စသည့် ဆွေးနွေးမှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒေသဆိုင်ရာ အကြောင်းအရာတွေကိုလည်း နိုင်ငံ အလိုက်ဆွေးနွေးသွားမှာဖြစ်တယ် တစ်နိုင်ငံနဲ့တစ်နိုင်ငံ တူညီနေတဲ့ အကြောင်းအရာတွေလည်း ရှိနေမှာပါလို့ ကျွန်တော် ထင်ပါတယ်” ဟုအာဆီယံဖြစ်မြောက်ရေကော်မတီ ဦးဆောင်ကော်မတီ မှ ဦးအောင်မျိုးမင်းက ပြောခဲ့သည်။

အာဆီယံပြည်သူ့ဖိုရမ်ကို မတူညီကွဲပြားသော အခြေခံအရပ်ဖက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ နိုင်ငံအလိုက် အခြေပြုသော အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အာဆီယံဒေသ အတွင်းနိုင်ငံများကို အခြေပြုသော ကိုယ်စားလှယ် အဖွဲ့အစည်းများ စုစုပေါင်း ၂၀၀၀ ကျော်တက်ရောက်ခဲ့သည်။

FB တွင် ဓါတ်ပုံများ ကြည့်ရန် =>http://goo.gl/OYxX0q

Leave a Reply