6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၄၊ ၂၀၁၄
M-Media

ခရိုင်းမီးယားအရေး ရုရှား၏လုပ်ပုံမှာ ယခင် ဆိုဗီယက်နိုင်ငံများအား ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု နေတိုး အကြီးအကဲဆို၊ G7 အရေးပေါ်အစည်းဝေးအား ယနေ့တွင် ကျင်းပမည်။

Russia tightens military grip on Crimea

– ခရိုင်းမီးယားဒေသအား ကျူးကျော်ပြီးနောက် ရုရှားဘက်မှ စစ်အင်အား အလုံးအရင်းနှင့် ၀င်ရောက်ချထားခြင်းက ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည့် နိုင်ငံများအား ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု နေတိုး စစ်ဘက်ဆိုင်ရာ အကြီးအကဲက ယမန်နေ့တွင် ပြောကြားခဲ့သည်။

မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ခရိုင်းမီးယားပြည်သူ့ဆန္ဒ ခံယူပွဲတွင် ဒေသအား ရုရှားနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပြီး ရုရှားဖက်ကလည်း ထိုဆုံးဖြတ်ချက်အား လက်ခံခဲ့သည်။

ထို့နောက် ခရိုင်းမီးယားရှိ ယူကရိန်း စစ်စခန်း ၁၈၉ ခုအား ရုရှားစစ်တပ်မှ သိမ်းယူခဲ့ပြီး၊ ထိုလုပ်ဆောင်ချက်က ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည့် နိုင်ငံများအား ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု နေတိုးစစ်တပ် ထိပ်တန်း အကြီးအကဲ ဖီးလစ် ဘရိဒ်လက်ဗ်က  ယမန်နေ့တွင် ပြောကြားခဲ့သည်။

“အခုလက်ရှိ ယူကရိန်းနယ်စပ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ (ရုရှား)စစ်တပ်အင်အားဟာ တော်တော်ကြီးမားပြီး၊ တိုက်ဖို့လည်း အဆင်သင့်ဖြစ်နေပါတယ်” ဟု ဘရိဒ်လက်ဗ်က ဆိုသည်။

ထိုမှတ်ချက် ထွက်ပေါ်လာခဲ့ပြီးနောက် နယ်သာလန်နိုင်ငံတွင်ပြုလုပ်နေသည့် နျူကလီးယား လုံခြုံရေးဆိုင်ရာ အစည်းဝေး တက်ရောက်နေကြသည့် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့ က အရေးပေါ်အစည်းအဝေး တစ်ရပ်ကို ယနေ့တွင်ပြုလုပ်ရန် စီစဉ်ခဲ့သည်။

ယူကရိန်း အမျိုးသားလုံခြုံရေး အကြီးအကဲ အန်ဒရီ ပါရူဘီကလည်း ရုရှားသမ္မတ ပူတင်၏ ရည်ရွယ်ချက်မှာ ခရိုင်းမီးယားဒေသတစ်ခုတည်းအား သိမ်းယူရန်မဟုတ်ဘဲ၊ ယူကရိန်း တစ်နိုင်ငံလုံးအား သိမ်းယူရန်ဖြစ်ကြာင်း၊ နယ်စပ်အတွင်းရှိ ရုရှား စစ်တပ်များမှာ မည်သည့် အချိန်တွင် မဆို တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြောင်း ယမန်နေ့ကပင် သတိပေးခဲ့သည်။

ခရိုင်းမီးယားဒေသအား ရုရှားမှ ၀င်ရောက်ကျူးကျော်မှုကြောင့် အမေရိကန်နှင့် ဥရောပနိုင်ငံများက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် နီးစပ်သည့် ရုရှား ထိပ်ပိုင်းခေါင်းဆောင်များအား ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများအား ကန့်သတ်ခြင်းစသည့် ပိတ်ဆို့မှုများကို ပြုလုပ်ထားပြီး ပိတ်ဆို့အရေးယူမှုများ ထပ်မံ၍ ပြုလုပ်ရန်လည်း စီစဉ်နေသည်။

Al Jazeera and agencies

Tags:

Leave a Reply