6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၇၊ ၂၀၁၄
M-Media
လမင်း

DSC02613

ရန်ကုန် ။        ။     မဟာသင်္ကြန် လေးရက်အတွင်း မ.ထ.သ ၏ လက်အောက်တွင်းရှိ ကားများပြေးဆွဲချိန်တွင် ယခင်ကထက် ယာဉ်စီးခများ ပိုမို ကောက်ခံပါက မ.ထ.သ(ဗဟို)မှ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မ.ထ.သ (ဗဟို) ဥက္ကဌ ဦးလှအောင်က ပြောကြားခဲ့သည်။

“သင်္ကြန်ရက်တွေမှာ ဥပုသ်စာင့်မဲ့လူတွေလည်းရှိတယ်။ သူများတွေ သင်္ကြန်မှာ ကုသိုလ်တောင် ယူကြသေးတာပဲ။ ကားခကို ပိုမိုကောက်ခံတယ် ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့လည်း ထိရောက်စွာအရေးယူသွားဖို့ ရှိပါတယ်။ ကားခတွေပိုကောက်လာမယ်ဆိုရင် ကျွန်တော်တို့ မ.ထ.သ ကို တိုင်ကြားပါ။ ကျွန်တော်တို့အရေးယူပေးမှာပါ” ဟု ၎င်းက ဆက်လက်ပြောခဲ့သည်။

မ.ထ.သ (ဗဟို)လက်အောက်ရှိ ယာဉ်လိုင်းပေါင်း ၃၅၁ လိုင်းရှိရာ သင်္ကြန်ကာလအတွင်း ၁၁၃-လိုင်း ယာဉ်စီးရေ ၁၆၂၈ စီးပြေးဆွဲသွားမည်ဖြစ်ပြီး CNG ဓာတ်ငွေ့ဆိုင်များကိုလည်း အခက်အခဲမရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ရက်မှာ ယာဉ်အန္တရာယ် ကင်းရှင်းရေးကိုလည်း အထူးသတိထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ လွန်ခဲ့သော သင်္ကြန် ရက်များအတွင်း မ.ထ.သ လက်အောက်ခံကားများမဟုတ်ပဲ ကြားကားများပြေးဆွဲကာ ကားခများကိုပိုမိုကောက်ခံကြောင်းသိရသည်။

ကြားပြေးဆွဲသော ကားများသာမက မ.ထ.သ (ဗဟို) လက်အောက်မှကားများလည်း ယခင်နှစ်သင်္ကြန်ကာလအတွင်း ယာဉ်စီးခ ပိုမိုကောက်ခံမှုများ ရှိခဲ့ရာ ယခုနှစ် ၂၀၁၄ ခုနှစ်တွင် စစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

Tags:

Leave a Reply