မတ် ၂၉ ၊၂၀၁၄
M-Media
NGO ရုံးတွေ ဖျက်ဆီးခံရပြီးနောက် မွတ်စလင်ဒုက္ခသည်များ စားဝတ်နေရေးနှင့် လုံခြုံရေးစိုးရိမ်နေရ (သတင်းကောက်နှုတ်ချက်)
အိုင်အန်ဂျီအိုတွေရဲ့ အဆောက်အဦတွေ ဖျက်စီးခဲ့ပြီးနောက် စစ်တွေမြို့က ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးနဲ့ပတ်သက်လို့ ဘယ်လို ကိုင်တွယ်ဆောင်ရွက်မယ်ဆိုတာ စိုးရိမ်နေသလို လုံခြုံရေးအတွက်လည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်ခင်က ဒုက္ခသည်တွေ အတွက် ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရမှာ တာဝန်ယူဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။
“အဓိကတော့ဗျာ စစ်တွေမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေက အပြင်ထွက်လို့ မရဘူး။ အပြင်ထွက်လို့ မရတော့ သူတို့အနေနဲ့ကာ ဒီဖြစ်စဉ်တွေကို ၀ိုင်းထားတဲ့ အသံတွေကို အတွင်းထဲမှာ ကြားနေရတာပေါ့နော်။ ကြားနေရတော့ ကျနော်တို့ကို အကူအညီ လှမ်းတောင်းတယ်။ ကျနော်တို့ကတော့ လက်ရှိ အဆင့်ဆင့်ကို တင်ပြပြီး လုံခြုံရေးကို ရယူပေးဖို့အတွက် ကျနော်တို့က တင်ပြထားတာတော့ရှိတာပေါ့လေ။ အဓိကတော့ ဆောင်ရွက်ပေးဖို့က ဒေသဆိုင်ရာ အစိုးရအဖွဲ့မှာ တာဝန်ရှိတယ်။ နောက်တခုက ပြည်ထောင်စု အစိုးရမှာ တာဝန်ရှိတယ်။”
Photo Credit -RFA
DVB မှ ကောက်နှုတ်ဖော်ပြပါသည်။
အပြည့်အစုံ ဖတ်လိုလျှင် => http://burmese.dvb.no/archives/54030
Comments