6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၊ ၂၀၁၄
M-Media
လမင်း
DSC00321
ရန်ကုန်။        ။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အတွင်းရှိသော အဓိကကိုးကွယ်ကြသော ဘာသာကြီးလေးခု စလုံးသည် အိမ်ရှင်ဘာသာများဖြစ်ပါတယ်လို့ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) ကမတ်လ ၂၉ ရက်နေ့တွင် M-3 Food Center ၌ကျင်းပပြုလုပ်သော “အနာဂတ်မှာအေးချမ်းဖို့ လူကြီးလူငယ်တွေ့ဆုံစို့” ဆိုသည့်အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ကိုလိုနီခေတ်ကို မရောက်ခင်ကတည်းက မြန်မာနိုင်ငံမှာ ဘာသာကြီးလေးခု လုံးဟာရောက်နေပြီးဖြစ်ပြီး ဘာသာကြီးလေးခုလုံးဟာ အိမ်ရှင်ဘာသာတွေပဲဖြစ်တယ်။ ဧည့်သည်တွေဆိုတာ ဘယ်သူမှ မဟုတ်ပါဘူး။ အားလုံးဟာ အပြင်ကနေရောက်လာကြပြီး တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးခဲ့ကြတာပါ။ ဗုဒ္ဓဘာသာသည်လျှင် နိုင်ငံတော်ဘာသာလို့ ဖွဲ့စည်းပုံမှာဖော်ညွှန်းမှု မရှိပါဘူး။ ဒုတိယမြန်မာနိုင်ငံတော် ဘုရင့်နောင် လက်ထက်မှာကတည်းက အစ္စလာမ်ဟာ ဒုနဲ့ထည်နဲ့ရှိနေပြီဆိုတာ သက်သေတွေရှိပါတယ်” ဟုဆက်လက်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆရာဦးကိုနီ (တရားလွှတ်တော် ရှေ့နေ)မှလည်း “မြန်မာနိုင်ငံမှာ ဘယ်သူမှ နိုင်ငံသား ကတ်ပြားဆိုပြီး မရှိပါဘူး။ မြန်မာနိုင်ငံကလူတွေ အားလုံးမှာ နိုင်ငံသား စီစစ်ရေး ကတ်ပြားဆိုပြီး ရှိကြတာပါ။ ကျွန်တော်တို့တွေဟာ မြန်မာနိုင်ငံသားတွေပါ။ အခုတော့ ကျွန်တော်တို့ကို ဧည့်သည်တွေဆိုပြီးခွဲခြား ဆက်ဆံတာကို ခံနေရပါတယ်။ ကျွန်တော်တို့ကိုသွေးနှောလို့ပြောရင် နာပါတယ်။ ကျွန်တော်တို့ကလည်း နိုင်ငံသားတွေလို့ ဆိုနေပြီး နိုင်ငံနဲ့ဆိုင်တဲ့ ယဉ်ကျေးမှုတွေကို လက်ခံရပါ့မယ်။ အေးချမ်းစွာနေထိုင်ချင်တယ်ဆိုရင်တော့ တူအောင်နေကြဖို့လိုပါတယ်” ဟူ၍ နိုင်ငံသားတစ်ယောက်စိတ်ဓာတ်နှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

“အနာဂတ်မှာအေးချမ်းဖို့ လူကြီး လူငယ်တွေ့ဆုံစို့” ဟူသည့် အလုပ်ရုံဆွေးနွေးပွဲကို မွတ်စလင် လူငယ်များ အနေနှင့် ညီညွတ်ရေး လမ်းကြောင်းသို့ လျောက်လှမ်းနေချိန်တွင် လူကြီးများ အနေနှင့်လက်တွဲခေါ်ပြီး လူငယ်များရဲ့အခက်အခဲများကို ဖြေဆိုလမ်းပြဖြေရှင်းပေးရန်၊ လူငယ်တွေတွေ့ကြုံနေရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို လူကြီးများအား မေးမြန်းခြင်းအားဖြင့် လူငယ်တွေရဲ့ရှေ့ဆက်ရမဲ့လမ်း သာယာဖြောင့်ဖြူးစေလိုကြောင်း၊ တိုင်းပြည်ဒီမိုကရေစီဖော်ဆောင်မည့် အရေးတွင် မွတ်စလင် လူငယ်များအနေနှင့် အုတ်တစ်ချပ်သဲ တစ်ပွင့်အနေနှင့်ပါဝင်လိုသဖြင့် ဆရာများထံမှ ကောင်းမွန်တဲ့လမ်းညွန်ချက်များရစေလိုသော ရည်ရွယ်ချက်များကြောင့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲတွင် ပညာရှင်များမှ ကဏ္ဍ အလိုက်ဆွေးနွေးခဲ့ကြပါသည်။ အစီအစဉ်တွင် မွဖ်သီ ဂျအ်ဖရ်မှ ညီညွတ်ရေးအတွက် အမှာစကားပြောကြား ခဲ့ပါသည်။ ယနေ့ခေတ်မီဒီယာများတွင် အစ္စလာမ် အပေါ်သို့ပြောဆိုနေကြသော အကြောင်းအရာများနှင် ပတ်သက်၍” မီဒီယာများပေါ်မှ အစ္စလာမ့် အမုန်းတရားများ” ဆိုသည့်ခေါင်းစဉ်ကို အလ်ဟာဂ်ျခလီဖာ  ဦးအေးလွင်မှ လည်းကောင်း၊ သာသနာနှင့် ပတ်သက်သည့် ပြစ်မှု ဥပဒေများအကြောင်း “ဘာသာ သာသနာဆိုင်ရာ ပြစ်မှုများ” ဆိုသည့်ခေါင်းစဉ်ဖြင့် အလ်ဟာဂ်ျဦးခင်မောင်ချို (တရားရုံးချုပ်ရှေ့နေ)မှလည်းကောင်း၊ အစ္စလာမ်၏ငြိမ်းချမ်းရေး အကြောင်းအရာများနှင့် ဆိုင်သော “အစ္စလာမ်နှင့်ငြိမ်းချမ်းရေး” ဟူသည့်ခေါင်းစဉ်ဖြင့် မောင်လာနာ အဇ်ဂရ်အလီ (ရှီဟာအဖွဲ့ချုပ်) မှလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် ကုရ်အာန်ကျမ်းတော်မြတ် အပေါ်စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြခြင်းကို ဆရာဦးစန်းအောင် (ကုရ်အာန်အသိပညာပြန့်ပွားရေးကော်မတီ) မှရှင်းလင်းခဲ့ပြီး ကြံ့ခိုင်သော ဥပဒေပြုမဏ္ဍိုင်ကို အလ်ဟာဂ်ျ ဦးကျော်ငြိမ်း မှလည်းကောင်း၊ ရှေးယခင်ကတည်းက တည်ရှိခဲ့သော” မြန်မာမွတ်စလင် လူငယ်များနှင့် မြန်မာမွတ်စလင်သမိုင်း” ဟူသည့်ခေါင်းစဉ်ဖြင့် မောင်လာနာပသီ ဦးကျော်ဦးမှလည်းကောင်း၊ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များသည် ဧည့်သည် မဟုတ်ကြောင်းကို ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)မှရှင်းလင်းပြောကြားပြီး ဂျီဟတ်အမည်ကိုသုံး၍ ကောလဖြန့်နေမှုအား​ အလ်ဟာဂ်ျခလီဖွာ ဦးသိန်းဝင်းအောင်က ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံသား အခွင့်အရေးနှင့် ဘာသာရေး လွတ်လပ်ခွင့် ကိုဆရာဦးကိုနီ (တရားရုံးချုပ်ရှေ့နေ) က ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆရာများရှင်းလင်းပြောကြားပြီးချိန်တွင် လူငယ်များမှ ဆရာများကိုသိလိုသမျှမေးခွန်းများ မေးမြန်းခဲ့ကြပြီး အခမ်းအနားကို ဆုမွန်ဒိုအာဖြင့် ရုတ်သိမ်းခဲ့ကြပါသည်။

ဓါတ်ပုံများ FB တွင် ကြည့်ရန် http://goo.gl/MnXS56

Tags: ,

Leave a Reply