ဧပြီ ၄၊ ၂၀၁၄
M-Media
K K
GI Group ၏ ကားတစ်စီးတွင် ရေးသားထားသည့် စာသားမှာ ဘာသာတရားတစ်ခုအား စော်ကားထားသည့် ပုံများနှင့် စာသားရေးသားချိတ်ဆွဲကာ ကားလိုင်းပြေးဆွဲနေသည်ဟု အင်တာနက် စာမျက်နှာများတွင် ရေးသားဖော်ပြမှုများ ရှိနေသည့်အပေါ် ဆက်သွယ်မေးမြန်း စုံစမ်းခဲ့ရာတွင် ၎င်းကဲ့သို့ စော်ကားရေးသားခြင်း မဟုတ်ကြောင်းသိရသည်။
GI ကားဂိတ်အနေနဲ့ စတေကာကို ကပ်ခြင်းမျိုး မဟုတ်ဘဲ ကားမောင်းသူမှ “လိမ်နိုင်ရင် ပညာရှိ၊ ညာနိုင်ရင် သမာဓိ၊ ဘာမသိ ဂေါ်တမန်”ဆိုသည့် စာသားအား ကပ်ထားခြင်းဖြစ်ပြီး အဆိုပါ ဂေါ်တမန်ဆိုသည့် စာသားမှာ ပါဠိအားဖြင့် အကြီးအကဲကို ရည်ညွှန်းသည်ဟု ပြောကြောင်း GI ကားဂိတ် ဥက္ကဋ္ဌဖြစ်သူမှ ပြောသည်။
“ဟုတ်ပါတယ် ကျွန်တော်တို့ ကားလိုင်းကို အင်တာနက်မှာ ဖွနေတယ်ဆိုတဲ့ သတင်းကြားတယ်။ သူတို့ ပြောထားသလို ကျွန်တော်တို့ ကားဂိတ်အနေနဲ့ ဒီစတေကာ ကပ်တာ မဟုတ်ဘူး။ အဲ့ဒီကားကို မောင်းတဲ့သူ (Driver)က ကပ်ထားတာပါ။ သူကလည်းပြောတယ် ဂေါ်တမန်ဆိုတာ အကြီးအကဲကို ရည်ညွှန်းတာလို့ပြောတယ်။ သူကိုယ်တိုင် ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ အခုလို အင်တာနက်မှာ ဖွလာတာတွေအတွက် ကျွန်တော်တို့ လိုက်ပြီး ဖြေရှင်းတာတော့ မလုပ်ထားပါဘူး။ ဒါပေမယ့် ပြဿနာအကျယ်အကျယ် မဖြစ်ချင်လို့ အဲ့ဒီ စာသားစတေကာကိုတော့ ဖြုတ်ထားလိုက်ပါတယ်။”
အဆိုပါ စတေကာ ကပ်သည့် ကိစ္စကို အကြောင်းပြုပြီး တရားဝင်နိုင်ငံရေးပါတီ တခုဖြစ်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဥိးနေမျိုးဝေမှ ၄င်းရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာထပ်မှာ ပုံပါအတိုင်း အကြမ်းဖက်မီးရှို့ရန် လှုံဆော် ရေးသားမှုများ ပြုလုပ်နေတာကို တွေ့ရပါတယ်။
ဦးနေမျိုးဝေအပါအဝင် အမျိုးသားရေး အမည်ခံအုပ်စုများမှာ ဆိုရှယ်မီဒီယာ လူမှုကွန်ယက်တွင် အမုန်းတရားပြန့်ပွားရေးနဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပေါ်ပေါ်တင်တင် တစိုက်မတ်မတ်ပြုလုပ်နေသော်လည်း သက်ဆိုင်ရာမှ ဥပဒေအရ အရေးယူဆောင်ရွက်မှု တစုံတရာမရှိသေးပေ။
Comments