မေ ၃၊ ၂၁၁၄
M-Media
လမင်း
ရန်ကုန် ။ ။ နယ်စည်းခြားသတင်းထောက်များအဖွဲ့(RSF) ကထုတ်ပြန်သည့် သတင်းသူရဲကောင်း ၁၀၀ စာရင်းတွင် DVB သတင်းထောက် ကိုဇော်ဖေ ပါဝင်ကြောင်း သိရသည်။
အဆိုပါစာရင်းကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) မှ မေလ ၃ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံပေါင်း ၆၀ ကျော်မှ သူရဲကောင်းသတင်းထောက်များကိုရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံမှ ကိုဇော်ဖေ ပါဝင်ခဲ့ခြင်းဖြစ်သည်။
RSF မှထုတ်ပြန်ခဲ့သည့် သတင်းသူရဲကောင်း ၁၀၀ စာရင်းတွင် နိုင်ငံပေါင်း ၆၀ ကျော်မှ သတင်းနှင့် သက်ဆိုင်သူများပါဝင်ပြီး အသက်အငယ်ဆုံး ၂၅ နှစ်အရွယ်ထိရွေးချယ်ခဲ့သည်။ ၎င်းအဖွဲ့မှ အစီရင်ခံစာထုတ်ပြန်ရာတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ တွင်စာနယ်ဇင်းလွတ်လပ်ခွင့်နှုန်းအဆင့် ၁၄၅ ရခဲ့ပြီဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် အဆင့် ၆ ထိတိုးမြှင့်မှုကျု တွေ့ရကြောင်း ဆိုသည်။
မြန်မာနိုင်ငံတွင်လည်း စာနယ်ဇင်းလွတ်လပ်ခွင့်ရရှိပြီးနောက်တွင် Eleven Media မှသတင်းထောက်တစ်ဦးအား.ထောင်ဒဏ်သုံးလချမှတ်ခဲ့ခြင်း၊ Unity ဂျာနယ်မှ သတင်းသမား.၅ ဦးအား တရားစွဲဆိုထားခြင်း၊ ကိုဇော်ဖေကိုလည်း မကြာသေးမီက ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့သည်။ ၎င်းသတင်းထောက်များအပြင် အချို့သော သတင်းထောက်များကိုလည်း တရားစွဲဆိုထားခြင်းများ ခံရထားခြင်းရှိကြောင်း သိရသည်။
Comments