6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၆ ၊ ၂၀၁၄
M-Media
5476740-3x2-700x467
– ယူကရိန်းတွင် ကျင်းပပြုလုပ်နေသည့် သမ္မတရွေးကောက်ပွဲတွင် စတုတ္ထမြောက် အချမ်းသာဆုံး သူဌေးဖြစ်သူ ပက်ထရို ပိုရိုရှန်ကို အနိုင်ရရှိခဲ့သည်ဟု သိရသည်။

မဲများ ရေတွက်ပြီးနောက် ပိုရိုရှန်ကိုမှာ ယမန်နေ့က ရုပ်မြင်သံကြားမိန့်ခွန်းမှ တစ်ဆင့် တိုင်းပြည်အတွင်း ဖြစ်ပွားနေသော ပြဿနာများအား အဆုံးသတ်အောင် ပြုလုပ်သွာမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ယခုရွေးကောက်ပွဲမှာ စံချိန်တင်သည့် အပြောင်းအလဲဖြစ်သည်ဟုလည်း ၎င်းက ချီးကျူးခဲ့ကာ ခရိုင်းမီးယားအား ရုရှားက သိမ်းပိုက်မှုကို အသိမှတ် မပြုဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတစ်ဝှမ်း ရွေးကောက်ပွဲရလဒ်များအရ မိုရိုရှန်ကိုမှာ ယခင် သမ္မတဟောင်း ယူလီယာ တိုင်မိုရှန်ကို ကို ကျော်ဖြတ်ကာ ၅၅.၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ တိုင်မိုရှန်ကိုမှာ ထောက်ခံမဲ ၁၂.၉ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

ခွဲထွက်ရေးသမားများကြီးစိုးသည့် နိုင်ငံအရှေ့ပိုင်းတွင်မှု မဲပေးမှုမှာ နှေးကွေးခဲ့ပြီး ယခုအနိုင် ရရှိသွားသူများကို ထိုဒေသမှ ပြည်သူများက နှစ်သက်ကြခြင်းမရှိဟု သိရသည်။ သို့သော်လည်း ပိုရိုရှန်ကိုကမူ ၎င်းတို့၏ ထောက်ခံမှုများအား ရယူနိုင်မည်ဟု ယုံကြည်နေသည်။

Ref: Al Jazeera

Tags:

Leave a Reply