မေ ၂၇ ၊ ၂၀၁၄
M-Media
အစ္စလာမ့်ဓမ္မ ပညာရှင်များနှင့် ရှေ့ဆောင်ဆရာတော် (အီမာမ်) များအတွက် တူညီဝတ်စုံ အစီအစဉ်ကို အဇာဘိုင်ဂျန်တွင် စတင်တော့မည်ဟု ကော့ကေးရှပ် မွတ်စလင်ဌာန ပြန်ကြားရေးအဖွဲ့ အကြီးအကဲ အမျိုးသမီး ရာဟီမာ ဒါဒါရှိုဗာက ပြောကြားလိုက်သည်။
အဆိုပါ တူညီဝတ်စုံ သတ်မှတ်ခြင်းအား အစိုးရကလည်း ခွင့်ပြုပြီးဖြစ်ကာ တူညီဝတ်စုံ ပုံစံကိုလည်း ရွေးချယ်ပြီးဖြစ်သည်ဟု သူမကဆိုသည်။ ကနဦးအနေဖြင့် တူညီဝတ်စုံ နမူနာများကို ကော့ကေးရှပ် မွတ်စလင်ဌာနက စီစဉ်သည့် ဘာသာရေးဆိုင်ရာ သင်တန်းအောင်မြင်ပြီး သူများကို ပေးအပ်သွားမည်ဖြစ်သည်။
ကော့ကေးရှပ်ဒေသ အကြီးဆုံးနိုင်ငံဖြစ်သည့် အဇာဘိုင်ဂျန်တွင် ၂၀၁၄ ခုနှစ်စစ်တမ်းအများအရ လူဦးရေ ၉ သန်းကျော်ရှိပြီး အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၉၈ ရာခိုင်နှုန်းရှိသည်။
Ref: islam.ru
Comments