မေ ၂၇ ၊ ၂၀၁၄
M-Media
– ကမ္ဘာ့ဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပရမည့် ဘရာဇီးလ်ဘောလုံးအသင်းမှာ ပြိုင်ပွဲတွင် စပိန်အသင်းနှင့် တွေ့၍ မဖြစ်ဟု ဘရာဇီးဂန္တ၀င်ကစားသမား ပီလီက ပြောကြားလိုက်သည်။
၂၀၀၈ နှင့် ၂၀၁၂ ခုနှစ် ဥရောပဖလားချန်ပီယံ စပိန်အသင်းမှာ ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံလည်းဖြစ်ပြီး ယမန်နှစ်က ကစားခဲ့သည့် ကွန်ဖက်ဒရေးရှင်းဖလား နောက်ဆုံး ဗိုလ်လုပွဲတွင် ဘရာဇီးအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း ပီလီကမူ စပိန်အသင်းအား သတိထားနေပြီး ဘရာဇီးလ်အသင်းအတွက် စိုးရိမ်မှုများလည်းရှိနေသည်။
“ဘရာဇီးအတွက် အရေးကြီးဆုံးအရာတစ်ခုကတော့ စပိန်နဲ့မတွေ့ဖို့ပါပဲ။ သူတို့(စပိန်)ဟာ စောင့်ကြည့်ရမယ့် အသင်းကောင်းတစ်သင်းပါ။ သိပ်စနစ်ကျပြီး အားနည်းချက်မရှိပါဘူး။ စပိန်အသင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့အမြင်ကိုပြောရရင် သူတို့ဟာ ပွဲကို အပြတ်ကစားတာပါ” ဟု GQ သို့ ပီလီက ပြောကြားခဲ့သည်။
ထို့ပြင် ဘရာဇီးလ်မိဘနှစ်ပါးက မွေးဖွားပြီး စပိန်လက်ရွေးစင်အသင်းတွင် ပါဝင်ကစားနေသည့် သီယာဂို အလ်ကန်တာရာအား ဘရာဇီးအသင်းတွင် ပါဝင်စေချင်သည်ဟုလည်း ၀န်ခံခဲ့သည်။
Comments