မေ ၂၈ ၊ ၂၀၁၄
M-Media
– ကလေးငယ်များနှင့်လူငယ်များအကြား အစ္စလာမ့်အခြေခံသင်ကြားမှုများကို စမ်းသပ်စစ်ဆေးသည့် “I study Isalm” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲတစ်ခုကို ရုရှားနိုင်ငံ Ryazan ပြည်နယ်တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
ပြည်နယ်မြို့တော် Ryazan တွင် ပြုလုပ်သည့် အဆိုပါပြိုင်ပွဲသို့ ဒေသတွင်း မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် “Muhtasibat of Ryazan Region” အဖွဲ့မှ ဖွင့်လှစ်သော အစ္စလာမ့်ဓမ္မသင်တန်း (မက္ကသဗ်) ကျောင်းများတွင် တက်ရောက်နေကြသည့် အသက် ၅ နှစ်မှ ၁၄ နှစ်အရွယ် ကလေးငယ်များ တက်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုပြိုင်ပွဲတွင် ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်မှု၊ အခြေခံ အစ္စလာမ့်သင်ကြားချက်များ၊ တမန်တော်မြတ် မုဟမ္မဒ်သခင်(ဆွ)၏ ထေရုပ္ပတ္တိ စသည်တို့ကို ယှဉ်ပြိုင်ခြင်းတို့ ပါဝင်သည်။
အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများကို စက်ဘီး၊ ဥာဏ်ရည်မြှင့်တင်ပေးသည့် ကားချပ်ကစားနည်းများနှင့် အခြား စိတ်ဝင်စားဖွယ်အရုပ်များကို ပေးအပ်သွားမည်ဖြစ်သည်။
Ref: islam.ru
Comments