မေ ၃၀ ၊ ၂၀၁၄
M-Media
အီဂျစ်ရွေးကောက်ပွဲ စစ်တပ်အကြီးအကဲဟောင်း စီစီ အပြတ်အသတ်နိုင်၊ မျှတမှုမရှိသော ရွေးကောက်ပွဲဟု အတိုက်အခံပြော
– အီဂျစ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ယခင်စစ်တပ် အကြီးအကဲဟောင်း အဘ်ဒဲလ် ဖသ်တာ အလ်စီစီမှာ မဲအရေအတွက် ၉၃.၃ ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရသွားပါတယ်။
၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲမှာ စီစီ ရဲ့ ပြိုင်ဘက် လက်ဝဲယိမ်း ဟမ်ဒီန်း ဆာဘာဟီက မဲအရေအတွက် ၃ ရာခိုင်နှုန်းသာရခဲ့ပေမယ့် ယမန်နေ့က ရှုံးနိမ့်ကြောင်း ၀န်ခံခဲ့ပါတယ်။ သို့သော်လည်း ၄င်းက ရွေးကောက်ပွဲမှာ မျှတမှုမရှိဘဲ ဒီမိုကရေစီ ရည်ရွယ်ချက်အား ချိုးဖောက်ကာ သမာသမတ်ကျခြင်း မရှိဟု ပြောကြားခဲ့သည်။
ကျင်းပမည့်ရက်ကို ၂ ရက်သာ သတ်မှတ်ထားသော်လည်း မဲပေးသူအရေအတွက်မှာ အလွန်နည်းပါးသောကြောင့် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ရန် ပြည်သူများကို တိုက်တွန်းကာ တစ်ရက်ထပ်တိုးခဲ့ပြီး စီစီအားထောက်ခံမှုများလည်း ထိုတစ်ရက်အတွင်းပင် ၄၇ ရာခိုင်နှုန်းအထိ တက်လာခဲ့ပါတယ်။
အီဂျစ်သမိုင်းတွင် ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် မွတ်စလင်ညီအကိုတော်များအဖွဲ့မှ သမ္မတမော်စီအား ပြီးခဲ့သည့်နှစ်က ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စီစီမှာ စစ်တပ်မှအနားယူခဲ့ပြီး သမ္မတအဖြစ် ၀င်ရောက်အရွေးခံခဲ့ခြင်းဖြစ်ပါတယ်။
ယခုကဲ့သို့ အနိုင်ရရှိမှုကြောင့် အီဂျစ်၏ ၅ ယောက်မြောက် တပ်ထွက်သမ္မတ ဖြစ်လာခဲ့ပါတယ်။
Ref: Al Jazeera and agencies
ဓါတ်ပုံ- ရိုက်တာ
Comments