6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၇ ၊ ၂၀၁၄
M-Media
_75344559_75344558
– အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ ဆစ်ခ်လူမျိုးတို့၏ အထွဋ်အမြတ်ထားရာ Golden Temple ဆစ်ခ် ဘုရားကျောင်းတွင် ယမန်နေ့က ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“ကြယ်ပြာ စစ်ဆင်ရေး” နှစ် ၃၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်နေစဉ်အတွင်း ဆစ်ခ်လူမျိုးအုပ်စု ၂ ခုမှ ခေါင်းဆောင်နှစ်ဦးမှာ မိန့်ခွန်းပြောကြားရန် အငြင်းပွားရာမှာ ထိုကဲ့သို့  ဓားခုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိ တစ်ဦးက ဆိုသည်။ ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဘုရားကျောင်းတစ်ဝိုက်တွင်လည်း လုံခြုံရေများကို အပြည့်အ၀ချထားခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“ကြယ်ပြာစစ်ဆေးရေး” မှာ ၁၉၈၄ ခုနှစ်တွင် ထိုစဉ်က ၀န်ကြီးချုပ် အင်ဒရာဂန္ဒီ၏ အမိန့်ပေးမှုဖြင့် အိန္ဒိယစစ်တပ်က Golden Temple ဘုရားကျောင်း အတွင်းပြုလုပ်သော စစ်ဆင်ရေးဖြစ်သည်။ ဆစ်ခ်လူမျိုးတို့၏ ဘာသာရေးပွဲတော်ကျင်းပနေစဉ် ဆစ်ခ်ခွဲထွက်ရေး သမားများက ထိုဘုရားကျောင်းအား သိမ်းပိုက်လိုက်ခြင်းကြောင့် အိန္ဒိယစစ်တပ်က ရဟတ်ယာဉ်များ၊ တင့်ကားများ၊ အမြောက်များကို အသုံးပြုကာ နှိမ်နင်းခဲ့ခြင်းဖြစ်သည်။

ထိုစစ်ဆင်ရေးတွင် အရပ်သား ၄၉၂ ဦး သေဆုံးခဲ့သည်ဟု အိန္ဒိယ အစိုးရက ကြေညာခဲ့သော်လည်း လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများအရ သေဆုံးသူမှာ ၅၀၀၀ ခန့်ရှိသည်ဟု သိရသည်။ ထိုစစ်ဆင်ရေးအပြီး လေးလကြာပြီးနောက် အင်ဒရာဂန္ဒီကို ၎င်း၏ ဆစ်ခ်ကိုရံတော်နှစ်ဦးက လုပ်ကြံခဲ့သည်။

ဆင်ဟွာ

ဓါတ်ပုံ – BBC

Leave a Reply