ဇွန် ၇ ၊ ၂၀၁၄
M-Media
– အကျဉ်းသား ၇ ဦးသေဆုံးမှုတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရ၍ အမေရိကတိုက်အလယ်ပိုင်း ဂွာတီမာလာနိုင်ငံမှ ရဲတပ်ဖွဲ့ အကြီးအကဲဟောင်း တစ်ဦးအား ဂျနီဗာတရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်ဟု သိရသည်။
အာဝင် စပီရီဆန်ဆိုသူဖြစ်ပြီး အကျဉ်းသား ၆ ဦးသေဆုံးမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး အခြားတစ်ဦး သေဆုံးမှုတွင် တိုက်ရိုက်တာဝန်ရှိကြောင်း တွေ့ရှိခဲ့ရ၍ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရားသူကြီး အစ်ဘယ်လီ ကျူအန်ဒတ်က ပြောကြားခဲ့သည်။
ဂွာတီမာလာ သမ္မတ အွတ်တို ပီရက်စ်မူ မိမိတို့၏အစိုးရမှာ တရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားပြီး ထိုဆုံးဖြတ်ချက်အတွက် စပီရီဆန်၏ ဥပဒေကြောင်းအရ ချေပမှုများလုပ်ဆောင်မှုကို အားပေးသွားမည်ဟုဆိုသည်။
သေဆုံးသွားခဲ့သည့် အကျဉ်းသားတစ်ဦး၏ မိခင်ဖြစ်သူက အထောက်အထားများကို စုဆောင်းကာ တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကြောင့် ထိုအမှုကို မေလ ၁၅ ရက်နေ့တွင် စတင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
စပီရီဆန်မှာ ဂွာတီမာလာနှင့် ဆွဇ်လန် နှစ်နိုင်ငံ၏ နိုင်ငံသားဖြစ်ပြီး လက်ရှိတွင် ဆွဇ်လန်နိုင်ငံ၌ နေထိုင်နေကာ နိုင်ငံရပ်ခြားတွင် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် နိုင်ငံအတွင်း စီရင်ခွင်ရှိသည့် ဆွဇ်လန်ဥပဒေကြောင့် ယခုကဲ့သို့ တရားစွဲဆိုကာ ပြစ်ဒဏ်ချမှတ် ခံရခြင်းဖြစ်သည်။
Ref: Agencies
ဓါတ်ပုံ- AFP
Comments