ဇွန် ၈ ၊ ၂၀၁၄
M-Media
– ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှု အရှုပ်တော်ပုံတွင် ထိုင်းနှင့် ရုရှားလည်း ပါဝင်ပတ်သက်ခဲ့သည်ဟု ဗြိတိန်အခြေစိုက် သတင်းစာ Sunday Times က ယနေ့တွင် ထပ်မံဖော်ပြလိုက်သည်။
အိမ်ရှင်ရွေးချယ်မှုတွင် ကာတာအား ထိုင်းနိုင်ငံက ထောက်ခံခဲ့သည့်အတွက် ထိုင်း-ကာတာ ဓာတ်ငွေ့အရောင်းအ၀ယ်ဆိုင်ရာ ဆွေးနွေးမှုကို ကာတာနိုင်ငံသား ဖီဖာအမှုဆောင်ဟောင်း ဘင်ဟန်မန်းက စီစဉ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။ အခြား သတင်းတစ်ခုတွင် ၂၀၁၈ နှင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရုရှားနှင့် ကာတာတို့ ရွေးချယ်ခြင်းမခံရမီ တစ်လအလိုတွင် ဘင်ဟန်မန်းမှာ ထိုစဉ်က ရုရှားသမ္မ ပူတင်နှင့် တွေ့ဆုံခဲ့သည်ဟုဆိုသည်။
ကာတာနိုင်ငံအား အိမ်ရှင်အဖြစ်ရွေးချယ်ရန်အတွက် ဖီဖာတာဝန်ရှိသူများကို ဘင်ဟန်မန်းက လာဘ်ထိုးခဲ့သည်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် Sunday Times သတင်းစာကပင် ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် ထိုကစ္စ၌ ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီလည်း ပါဝင်သည်ဟု သတင်းများထွက်ပေါ်လာသည်။
ထိုကိစ္စအား တိတိကျကျ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး မှန်ကန်ကြောင်းတွေ့ရှိပါက အိမ်ရှင်ရွေးချယ်မှုကို ပြန်လည်ပြုလုပ်သွားမည်ဟု ဖီဖာက ပြောကြားထားသည်။
DB/HJL/SS
Comments