ဇွန်လ ၁၃ ရက်၊ ၂၀၁၄
M-Media
Source: Myanmar Time English
– ရခိုင်ပြည်နယ်ရှိ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပြုလုပ်ခဲ့သည့် ဖိုရမ်တွင် “ရိုဟင်ဂျာ” ဟု သုံးစွဲခဲ့သည့်အတွက် ပြန်လည်တောင်းပန်ခဲ့သည်ဟူသော သတင်းများအား ယူနီဆက်ဖ်က ငြင်းဆိုလိုက်သည်။
ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါ ဖိုရမ်တွင် လုပ်ငန်းစဉ်များကို ရှင်းလင်းရာ၌ ယူနီဆက်ဖ်က “ရိုဟင်ဂျာ” ဟု သုံးနှုန်းခဲ့ခြင်းအတွက် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန ဗိုလ်မှူးကြီး ထိန်လင်း၏ အရှေ့တွင် တောင်းပန်ခဲ့သည်ဟု အာရကန်လူမှုကွန်ရက်(စစ်တွေ)က သတင်းလွှင့်ခဲ့ပြီးနောက် ယူနီဆက်ဖ်က ယခုကဲ့သို့ ငြင်းဆန်ခြင်းဖြစ်သည်။
အာရကန် လူမှုကွန်ရက် ထုတ်ပြန်ရာတွင် ဇွန်လ ၅ ရက်နေ့နံနက် ၀န်ကြီးရုံး၌ တွေ့ဆုံမှုအတွင်း ယူနီဆက်ဖ် မြန်မာနိုင်ငံကိုစားလှယ် ဘာထရန် ဘိန်ဗဲလ်က “ယူနီဆက်ဖ်အနေဖြင့် အဆိုပါ တရားမ၀င် စကားလုံးကို ထပ်မံ၍ အသုံးမပြုဟု ကတိပြုခဲ့ကြောင်း” ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယူနီဆက်ဖ်ကမူ ထိုတွေ့ဆုံမှု သတင်းအား ငြင်းပယ်ခဲ့ခြင်းမရှိချေ။ သို့သော်လည်း ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာ ချက်တွင် တောင်းပန်သည်ဆိုသော သတင်းအား “မီဒီယာများ၏ မှားယွင်းဖော်ပြမှု” ဟု ရေးသားခဲ့ပြီး ဗိုလ်မှူးကြီး ထိန်လင်းက တောင်းပန်ရန်
ပြောကြားခဲ့သော်လည်း မိမိတို့အနေဖြင့် မတောင်းပန်ခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။
“လုပ်ငန်းစဉ်တွေကို ရှင်းလင်းတဲ့ နေရာမှာ ဒီစကားလုံးသုံးခဲ့တာဖြစ်ပြီး ဒါဟာ အမှတ်တမဲ့ သုံးစွဲခြင်းသာဖြစ်တယ်လို့ ယူနီဆက်ဖ်က ရှင်းပြခဲ့ပါတယ်။ အဲဒီဖိုရမ်မှာ တိုင်းရင်းသားအရေးလို ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ လူနည်းစုအတွက် နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုအခွင့်အရေး၊ ကိုယ်ပိုင် ပြဌာန်ခွင့်တွေကိုရည်ညွှန်းတဲ့အခါ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးအပါအ၀င် ကုလရဲ့ အစီရင်ခံစာ တော်တော်များများမှာ ရခိုင်ပြည်မှာနေထိုင်တဲ့ လူအဖွဲ့အစည်းတစ်ခုကို ရည်ညွှန်းပြီး “ရိုဟင်ဂျာ” လို့ သုံးခဲ့ပါတယ်” ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါဖိုရမ်ကို ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ကလေးများ၏ ရေရှည်လိုအပ်ချက်များကို ဖြေရှင်းရန် ၂ နှစ်တာကြာမြင့်မည် အစီအစဉ်တစ်ခုကို သတ်မှတ်ခဲ့သည်။
ဓါတ်ပုံ အညွှန်း =>ယူနီဆက်ဖ်မှ ရိုဟင်ဂျာခေါ်မိ၍ တောင်းပန်သည့် သတင်း အား ဖော်ပြထားသော မီဒီယာတခု https://www.facebook.com/tomorrow.com.mm/posts/719268681445851
Comments