ဇွန်လ ၁၅ ရက် ၊ ၂၀၁၄
M-Media
– အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံတွင် အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးမှာ နိုင်ငံလေတပ်တွင် ပထမဆုံး တိုက်လေယာဉ်မှူး ဖြစ်လာ ခဲ့သည်ဟု သိရသည်။
တပ်ခွဲမှူး မာရီယမ် စလမ် အလ်-မန်ဆူရ်ဖြစ်ပြီး အင်ဂျင် တစ်လုံးတပ် ဘက်စုံသုံး F-16 တိုက်လေယာဉ်ကို မောင်းနှင်ရသူဖြစ်သည်။ မန်ဆူရ်မှာ ငယ်စဉ်ကတည်းက တိုက်လေယာဉ်မှူးဖြစ်ချင် ခဲ့ပြီး မိသားစု၏ အားပေးမှုကြောင့် ၂၀၀၇ ခုနှစ်က ယူအေအီးလေတပ်သို့ ၀င်ရောက်ကာ အမှူထမ်းခဲ့သည်။
နိုင်ငံအတွင်းပြုလုပ်သည့် လေတပ် စစ်ရေးလေ့ကျင့်မှုများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံပြင်ပတွင် ပြုလုပ်သည့် လေတပ်စစ်ရေးလေ့ကျင်မှု မြောက်များစွာတွင် မန်ဆူရ်မှာ ပါဝင်ခဲ့ပြီး ၎င်း၏ စွမ်းရည်ကို ပြသခဲ့သည်။
ယူအေအီးနှင့် ပင်လယ်ကွေ့နိုင်ငံများတွင် ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူးဖြစ်သည့် မန်ဆူရ်၏ အောင်မြင်မှု အတွက် ယူအေအီး ဒုတိယ သမ္မတ ဒူဘိုင်းဘုရင် ရှိခ် မိုဟာမက် ဘင် ရရှစ် အလ်-မက်တွန်က ချီးကျူးခဲ့ပြီး ဆုတံဆိပ်များလည်း ချီးမြှင့်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်အခမ်းအနားဖြင့် မန်ဆူရ်အား ဂုဏ်ပြုခဲ့သည်။
Ref: Al Arabiya
Comments