– ပြီးခဲ့သည့်တစ်ပတ် စလိုဗေးနီးယားနှင့် ကစားခဲ့သောခြေစမ်းပွဲတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် ပိုစတာတစ်ခုအား ကစားသမားများက ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ အာဂျင်တီးနားအသင်းမှာ FIFA ၏ အရေးယူခြင်းကို ခံရဖွယ်ရှိနေသည်ဟု သိရသည်။
အာဂျင်တိုင်း ဘာသာစကားဖြင့် ‘Las Malvinas son Argentinas’ ဟုရေးသားထားသည့်ပိုစတာဖြစ်ပြီး “ဖောက်ကလန်ကျွန်းမှာ အာဂျင်တီးနားပိုင်ဖြစ်သည်” ဟု အဓိပ္ပါယ်ရသည်။ နိုင်ငံရေးနှင့် သက်ဆိုင်သည့် ထိုပိုစတာကို ဖော်ပြခြင်းမှာ ဖီဖာ၏ စည်းကမ်းချက် နှစ်ခုကို တိုက်ရိုက်ချိုးဖောက်ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများကို စတင် လုပ်ဆောင်နေသည်ဟု ဖီဖာက အတည်ပြုခဲ့သည်။
၎င်းတို့၏ ရပ်တည်ချက်နှင့် ပတ်သက်၍ ဖြေရှင်းခွင့်နှင့် ဗီဒီယို သို့မဟုတ် အထောက်အထားတစ်ခုခုပြသရန် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က အခွင့်အရေးရရှိမည်ဖြစ်သည်။ အာဂျင်တီးနားနှင့် အင်္ဂလန်တို့မှာ ဖောက်ကလန်ကျွန်းကိစ္စနှင့် အငြင်းပွားမှုများရှိနေပြီး ထိုပြဿနာက ဘောလုံးပြိုင်ပွဲများတွင် ပါဝင်လာခြင်းလည်းယခင်က ရှိခဲ့ဖူးသည်။
Comments