6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အစ္စရေး၊ဥရောပနှင့် အမေရိကန် စသည့်နိုင်ငံများရှိ ပါလက်စတိုင်းလိုလား သူဂျုးလူမျိုးများ    ဦးဆောင် သော ထောက်ပံ့ရေး သင်္ဘောတစ်စီး က ၄နှစ်ကြာ အစ္စရေးတို့၏ ပိတ်ဆိုခံ ဂါဇာဒေသသို့   ထိုးဖောက် ၀င်ရောက်နိုင်ရန် တူရကီနိုင်ငံ မြောက်ပိုင်းဆိပ်ကမ်း တစ်ခုမှ ထွက်ခွာလာနေ ကြောင်းသိရသည်။  Irene အမည်ရ ယင်း သင်္ဘောပေါ်တွင် ဂျူးလူမျိုး သင်္ဘော သား ၃ဦး၊ ဂျာနယ်လစ် နှစ်ဦး၊ အပါအ၀င် စုစုပေါင်း ရှစ်ဦး လိုက်ပါ လာပါသည်။ ဗြိတိန်အခြေစိုက် တရာမျှတရေးနှင့်ပါလက်စတိုင်းသား များအတွက် ဂျုးများ  အဖွဲ့က ယင်းလှုပ်ရှားမှု ကိုစီစဉ်တာဖြစ်ပြီး ၎င်း အဖွဲ့ဝင်တစ်ဦးက    ဂျုးလူမျိုးတွေ ဦးဆောင်တဲ့ ဒီထောက်ပံ့ရေးသင်္ဘော က မတရား အသိမ်းပိုက်ခံ ပါလက်စတိုင်တွေအတွက် ထောက်ခံမှု သင်္ကေတဖြစ်သလို လေးနှစ်ကြာအပိတ်ဆို့ခံနေရတဲ့ ဂါဇာသားတွေအတွက်အမှတ်သညာ လည်းဖြစ်ပါတယ် ၊ ပါလက်စတိုင်း လူမျိုး တွေနဲ့ ဂျုးလူမျိုးတွေ က တစ်သား တည်း ရှိနေ ကြောင်းကိုလည်း ပြသတာပါ..ဟု ဆိုပါသည်။ သူက … အစ္စရေးအစိုးရ လုပ်ရပ်များကို ဂျုးလူမျိုးအားလုံးက မထောက်ခံကြကြောင်း   ဟု ပြောပါသည်။ အဆိုပါသင်္ဘော တွင်လိုက်ပါ လာသူ နာဇီတို့၏ အစုပြုံလိုက်သတ်ဖြတ်မှုက နေ လွတ်မြောက်လာခဲ့သူအ သက်၈၂နှစ်အရွယ် ဂျူးလူမျိုးတစ်ဦးကလည်း အဖြူအပြာ ရောင် သင်္ဘောနဲ့ လိုက်ပါဖို့က ကျွန်တော်အတွက် တာဝန်တစ်ခုလိခံစားရပါတယ်..ခလေးငယ် ၈၀၀၀၀၀ ကျော်အပါဝင် အဖိနှိပ်ခံ ဂါဇာကပြည်သူတွေဘက်ကနေရပ်တည်ရေးကလည်း ဘာသာတရားအရ တာဝန်ဖြစ်ပါတယ် ကျွန်တော်တို့လိုက်ပါလာတဲ့ သင်္ဘောခရီးစဉ်က ၃၆နာရီ လောက် ကြာမြင့်မှာဖြစ်ပါတယ်..ဟု သူ၏ခံယူချက်ကိုရှင်းပြပါသည်။ကျွန်တော်တို့ က သူတို့(အစ္စရေးစစ်တပ်) တွေနဲ့ ထိပ်တိုက်တွေဖို့မရှိပါဘူး၊အကြမ်းမဖတ်ရေး လမ်းကြောင်းကိုပဲရွေးမှာပါ..တကယ်လို့များ သူ တို့ဒီသင်္ဘော ကိုရပ်တန့်မယ် ဆိုရင်လည်း အစ္စရေးဆိပ်ကမ်းကို ဆိုက်ကပ် မှာမဟုတ်ပါဘူး ဟု သူတို့သင်္ဘော ခရီးစဥအကြောင်း ကိုပြောပြပါသည်။ အစ္စရေးအစိုးရက ဟားမတ်စ် အဖွဲ့ အုပ်ချုပ်နေသော ဂါဇာဒေသသို့ မည်သည့် သင်္ဘောကိုမျှ ၀င်ရောက်ခွင့်ပြု မည်မဟုတ်ကြောင်း အစောပိုင်းတွင်သတိပေးထားသည်။ လွန်ခဲသော့ မေလအတွင်း ကလည်း ဂါဇာဒေသသို့ ထွက်ခွာလာသော့ ထောက်ပံ့ရေးသင်္ဘောများကို အစ္စရေးစစ်တပ်မှ စီနင်းတိုက် ခိုက်ခဲ့ရာ တူရကီလူမျိုး ၉ဦးသေဆုံးခဲ့ပြီး နိုင်ငံတကာတွင် အစ္စရေးတို့ အရှက် ကွဲခဲ့ရသည်။

ဂျူးလူမျိုးများဦးဆောင်လာသော ယခု သင်္ဘောတွင် ဂါဇာက ကလေးငယ်များအတွက် ကစားစရာ၊ဖတ်စာအုပ်၊တူရိယာပစ္စည်း များ၊ ငါးဖမ်းပိုက်များနှင့် ဆေးဝါးပစ္စည်းမျာ တင်ဆောင်ထား ကြောင်းသိရသည်။ သင်္ဘေတွင်လိုက်ပါလာသူ ဂျုးလူမျိုးတစ်ဦးကလည်း ….တကယ်မာကျောတဲ့ နရံကြီးကို ကျွန်တော်တို့ ခေါင်းတွေနဲ့ ၀င်ဆောင့်နေပါပြီး နံရံကြီးမှာ အက်ရာသေးသေးလေးတော့ ထင်ဖို့မျှော်လင့်ထားပါတယ် နော်ကဆုံးမှာတော ဒီနံရံကြီးလည်း ပြိုကျသွားမှပါ..သူ၏ ခံယူချက်ကို ဆိုပါသည်။ မေလ အတွင်းဖြစ်ပျက်ခဲ့သော ထောက်ပံရေးသင်္ဘောများအား အစ္စရေးတို့ ၏ စီနင်းတိုက်ခိုက်မှုအား ကုလသမဂ လူအခွင့်အရေးကောင်စီမှ စုံစမ်းစစ်ဆေးခဲ့ရာ ယင်းဖြစ်စဉ်တွင် အစ္စရေးတို့၏  လူသတ်မှု၊ နှိပ်စက်ညင်းပန်မှုများ ပြုလုပ်ခဲ့သော အထောက်အထားများကို တွေ့ရှိခဲ့သည်။ အစ္စရေးအစိုးရကမူ ၄င်းတွေရှိချက်ကို လက်မခံပယ်ခိလိုက်သော်လည်း အဆိုပါ တူရကီကယ်ဆယ်ရေးသင်္ဘောများတွင်လိုက်ပါခဲ့သူများကတော့ အစ္စရေးစစ်သားများက သင်္ဘောပေါ်တွင် စတင်ပစ်ခတ်ခဲ့ကြောင်း တုန့်ပန်ပြောဆိုထားသည်။ al jazeerah

Leave a Reply