6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန်လ ၂၄ ရက်၊ ၂၀၁၄
M-Media
.သီဟ

ရခိုင်ပြည်နယ် ဝန်ကြီးချူပ် သည် ရခိုင်လူမျိုးသာ ဖြစ်ရမည်ဖြစ်ပြီး ၄င်းပါတီဝင် အမတ်တဦးကိုသာ ခန့်အပ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ကြေညာထုတ်
ANP
လစ်လပ်နေသော ရခိုင်ပြည်နယ် ဝန်ကြီးချူပ်နေရာကို ခန့်အပ်မည့်သူမှာ ရခိုင်ဝန်ကြီးချူပ်သည့် ရခိုင်တိုင်းရင်းသားကိုသာ ခန့်အပ်ရန်၊ ရွေးချယ်ခံ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ထဲမှသာ ခန့်အပ်ရန်၊ ပြည်နယ်လွှတ်တော်တွင် အမတ်အများဆုံးရထားသည့် ရခိုင်အမျိုးသားပါတီထဲ ခန့်အပ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) က ကြေညာချက် တရပ်ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန်လ ၁၉ရက်က နှုတ်ထွက်သွားပြီးနောက် နယ်စပ်ရေးရာ ဒု-ဝန်ကြီးဟောင်း ဗိုလ်ချူပ်မောင်မောင်အုန်းမှာ ရခိုင်ဝန်ကြီးချူပ်အဖြစ်ခန့်အပ်ရန် သတင်းများ ထွက်ပေါ်လျက်ရှိတယ်။

ဇူလိုင် ၁၈ ရက်နေ့က နယ်စပ်ရေးရာ ဒုဝန်ကြီး တာဝန်မှ မူလ စစ်ဖက် ရာထူးထမ်းဆောင်ဖို့ ပြန်ပို့လိုက်တဲ့ ဗိုလ်ချူပ်မောင်မောင်အုန်းကို ဇွန်လ ၂၀ ရက်နေ့မှာ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲကော်မရှင်က ခန့်အပ်ခဲ့ပါတယ်။

ANP ရဲ့ ကြေညာချက်ဟာ စစ်တပ်က ခန့်အပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဝန်ကြီးချူပ်အဖြစ် ခန့်အပ်တာ လက်မခံကြောင်း အဓိပ္ပါယ်သက်ရောက်ပြီး ၄င်းတို့ပါတီရဲ့ တောင်းဆိုချက်ကို မလိုက်လျောရင်တော့ ဘယ်လို တုံ့ပြန်မယ်ဆိုတာ ဖော်ပြထားခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော် က တော့ ဝန်ကြီးချူပ်နေရာမှာ အစားထိုးဖို့ သတင်းထွက်နေသူဟာ ရခိုင်ပြည်သူလူထု အတွက် ကောင်းတဲ့ လက္ခဏာ ဖြစ်လာမယ်တော့ မထင်ပါဘူးလို့ VOA နဲ့ အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။

ဒီရက်ပိုင်းတွင်းမှာပဲ ANP ဒုတိယဥက္ကဌဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လွှတ်တော်လမ်းကြောင်းမှ ပြင်ဆင်၍ မရနိုင်တော့ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီမှ နုတ်ထွက်မယ်ဆိုတဲ့ ပြောကြားချက်ကို 7 Day သတင်းစာ ရဲ့ ဖော်ပြချက်ရ သိရှိရပါတယ်။

အဆိုပါ ပြောဆိုချက် ထွက်ပေါ်ပြီးနောက်ပိုင်း ANP ပြည်နယ်ဝန်ကြီးချူပ် ခန့်အပ်ရေး ဆိုင်ရာ ကြေညာချက် ထုတ်ပြန်လာခြင်းပဲဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ( ANP) ဟာ ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှစ်ခုပေါင်း ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ် ၆ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေး ပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခွင့် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

Photo-narinjara

Leave a Reply