News @ M-Media

နိုင်ငံရေး လှည့်ကွက်ထဲတွင် အစ္စလာမ် ဘာသာဝင်များ စတေးခံဖြစ်နေရကြောင်း ခလီဖွှဟ် ဦးသိန်းဝင်းအောင်ပြော

ဇူလိုင် ၃၊ ၂၀၁၄
M-Media
လမင်း
U Thein win aungရန်ကုန် ။ ။ မန္တလေးမြို့တွင် ဇူလိုင် ၁ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ဘာသာရေး အကြမ်းဖက်မှုသည် တည်ငြိမ်မှုမရှိဘဲ ဆက်လက်ဖြစ်ပွားနေမှုအပေါ် ၎င်းမှာ နိုင်ငံရေး လှည့်ကွက်ဖြစ်ပြီး ထိုလှည့်ကွက်ထဲတွင် အစ္စလာမ်ဘာသာဝင်များမှာ စတေးခံများဖြစ်နေ ရကြောင်း ခလီဖွှဟ် ဦးသိန်းဝင်းအောင်က အမ်မီဒီယာကို ပြောပါတယ်။

မန္တလေးမြို့တွင် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးများ ပြုလုပ်နေချိန် ကာလ၌ ပြည်သူကို မျက်စိလွဲပြီး အာရုံပြောင်းနေခြင်းသာ ဖြစ်သည်ဟု မန္တလေးဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ အခင်းဖြစ်တဲ့နေရာတွေမှာ မန္တလေးက ဆရာတော်တွေနဲ့ ရှိနေပါတယ်။ တာဝန်ရှိ ရဲတွေအနေနဲ့လည်း ထိရောက်စွာ အရေးယူမှုမရှိပါဘူး။ လိုက်တိုင်း ပြေးတိုင်းဆော့နေကြသလိုမျိုးပါပဲ။ သူတို့တွေက ချောင်ကြတဲ့ ဗလီတွေကို အဓိက လိုက်လုပ်နေတာလို့ထင်တယ်။ ဒေသဆိုင်ရာ တာဝန်ရှိသူများကလည်း အကြမ်းဖက်သမားများကို ထိထိရောက်ရောက်အရေးယူတာမျိုး အခုချိန်ထိ မတွေ့ရသေးပါဘူး” ဟု ခလီဖွှဟ် ဦးသိန်းဝင်းအောင်က သုံးသပ်ပြောကြားပါတယ်။

အဆိုပါဖြစ်ရပ်သည် နိုင်ငံရေး လှည့်ကွက်သာဖြစ်၍ မွတ်စလင်လူငယ်များအနေနှင့်လည်း ၎င်းအကြမ်းဖက်သမားများ ဆင်သည့်ထောင်ချောက် ထဲတွင် အမိမခံဘဲ နေသင့်ကြောင်း၊ မန္တလေးမြို့ကို ဒုတိယ မိတ္တီလာ အဖြစ်မခံနိုင်ကြောင်း ဆက်လက်ပြောသည်။ ယနေ့ ဇွန်လ ၃ ရက်နေ့တွင်လည်း မန္တလေးမှ ဆရာတော်များနှင့် အစ္စလာမ်ဘာသာဝင်များ ယခုဖြစ်ရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးရန်ရှိကြောင်း သိရပါတယ်။

မန္တလေးမြို့တွင် ဇွန်လ ၁ ရက်နေ့ညတွင်စတင်ဖြစ်ပွားခဲ့သော ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှုသည် ငြိမ်သက်မှု မရှိသေးဘဲ ယခု ဇူလိုင် ၃ ရက်နေ့တွင် လူသေဆုံးမှုများပါ ဖြစ်လာကြောင်း သိရပါတယ်။

ဓါတ်ပုံ -၂၀၁၂ ခုနှစ်အတွင်း အခမ်းအနားတခု၌ တွေ့ရသည့် ခလီဖွှဟ် ဦးသိန်းဝင်းအောင်

Comments

Leave a Reply