6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၅ ၊ ၂၀၁၄
M-Media

10440843_1478295505745599_8520056488649882664_n
– မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးတွင် ပြီးခဲ့သည့် ကာဖျူးထုတ်ပြန်ခဲ့ရသည်အထိ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် စင်ကာပူနိုင်ငံသားများအတွက် ခရီးသွားလာမှုသတိပေးချက်ကို စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးဌာနက ဇူလိုင် ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

အဆိုပါ သတိပေးချက်တွင် ဇူလိုင် ၁ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ၂၀၁၄ ခုနှစ် ဇူလိုင် ၃ ရက်နေ့က မန္တလေးမြို့အာဏာပိုင်များမှာ ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ကာဖျူးထုတ်ပြန်ခဲ့ကြောင်း၊ မန္တလေးသို့သွားရောက်မည့် စင်ကာပူနိုင်ငံသားများအနေဖြင့် အမြင့်ဆုံး သတိရှိနေရန် အကြံပြုကြောင်း၊ လိုအပ်သော ကြိုတင်ကာကွယ်မှုများကို လုပ်ဆောင်ရန်၊ ဒေသတွင်း သတင်းများ၊ ထူးခြားချက်များအား နားစွင့်ထားရန်နှင့် ဒေသတွင်း အာဏာပိုင်များ၏ ညွှန်ကြားချက်များကို စောင့်ကြည့်နေရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“မြန်မာနိုင်ငံကို သွားရောက်မယ့် စင်ကာပူနိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီ  https://eregister.mfa.gov.sg/ ၀ဘ်ပေ့ခ်ျမှာ စာရင်းသွင်းကြဖို့၊ ခရီးသွားအာမခံနဲ့ ဆေးအာမခံတို့ကို ၀ယ်ယူသွားကြဖို့ တိုက်တွန်းပါတယ်” ဟု လည်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ရှိနေစဉ် သံရုံး၏ အကူအညီလိုအပ်ပါက ရန်ကုန်မြို့ရှိ စင်ကာပူသံရုံးနှင့် ၂၄ နာရီ ဖွင့်လှစ်ထားသော နိုင်ငံခြားရေးဝန်ကြီးဌာနရုံးသို့လည်း ဆက်သွယ်နိုင်သည်ဟု သိရသည်။

Embassy of the Republic of Singapore in Yangon
238 Dhamazedi Road, Bahan Township, Yangon
Tel: 001-95-(1) 559-001 (24-hours)
Fax: 001-95-(1) 559-002
Email: [email protected]

Ministry of Foreign Affairs Duty Office (24-hours)
Tel: 6379 8800, 6379 8855
Fax: 6476-7302
Email: [email protected]

– CNA/kk

ဓါတ်ပုံအညွှန်း – ကွယ်လွန်သူ ကိုထွန်းထွန်း ဈာပနလိုက်ပို့ကြသည့် လက်နက်ကိုင်ဆောင်ထားသည့် ဆိုင်ကယ်စီးလူအုပ် (Photo Internet)

Leave a Reply