6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၅ ၊ ၂၀၁၄
M-Media
20147512386838621_20
– ယခုသီတင်းပတ်အတွင်း ဂျေရုစလင်တွင် ပြန်ပေးဆွဲကာ အသတ်ခံခဲ့ရသည့် ပါလက်စတိုင်း ဆယ်ကျော်သက်မှာ တုံးသော အရာဝတ္ထုဖြင့် ဦးခေါင်းအား အရိုက်ခံခဲ့ရပြီးနောက် မသေဆုံးမီ မီးရှို့ခြင်းခံခဲ့ရသည်ဟု အလောင်းအား ခွဲစိတ်စစ်ဆေးမှုများအရ သိရသည်။

သေဆုံးသူမှာ အသက် ၁၆ နှစ်အရွယ်ရှိ မိုဟာမက် အဘူကာဒရ် ဆိုသူဖြစ်ပြီး အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းက ပြန်ပေးဆွဲခံခဲ့ရပြီးနောက် နာရီအနည်းငယ်အကြာတွင် ခန္ဓာကိုယ်အစိတ်အပိုင်း ၉၀ ရာခိုင်နှုန်းကျော် မီးလောင်နေသော ၎င်း၏ အလောင်းအား တွေ့ရှိခဲ့ရသည်။

ခွဲစိတ်မှုများရ ၎င်း၏ အဆုတ်တွင် မီးခိုးမှိုင်းများတွေ့ရှိခဲ့ရသောကြောင့် ကာဒရ်မှာ မီးရှို့ခံရစဉ်တွင် သေဆုံးခြင်းမရှိသေးဟု မှုခင်းဆေးပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ ကာဒရ် အသတ်ခံရမှုနှင့် ပတ်သက်၍ တရားခံအား ရဲတပ်ဖွဲ့က တရားဝင်အတည်မပြုနိုင်သေးသော်လည်း ပြီးခဲ့သည့် သီတင်းပတ်များက ပျောက်ဆုံးသွားခဲ့သည့် ဂျူးလူငယ်သုံးဦးအတွက် လက်စားချေသည့်အနေဖြင့် အစ္စရေးရှိ ဂျူးများက သတ်ဖြတ်ခဲ့ခြင်းသာဖြစ်မည်ဟု ယုံကြည်နေကြသည်။

ကာဒရ်၏ အလောင်းအား ခွဲစိတ်စစ်ဆေးမှုကို တဲလ်အဗီးမြို့ရှိ အဘူကာဘီရ် မှူခင်းဆေးပညာအသင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်ကီ ရိုဆန်ဖဲလ်ဒ်ကမူ ထိုတွေ့ရှိချက်အတွက် မှတ်ချက်ပေးရန်ငြင်းဆိုခဲ့သည်။

Al Jazeera

Leave a Reply