ဇူလိုင် ၁၂ ၊ ၂၀၁၄
M-Media
သတင်း/ဓါတ်ပုံ – ကျော်စိုးဝင်း
လန်ဒန်။ ။ အစ္စရေး စစ်တပ်မှ ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်နေမှုကို ချက်ခြင်းရပ်တန့်ဖို့ ပါလက်စတိုင်းထောင်ခံသူ ထောင်ပေါင်း များစွာဟာ ဇူလိုင်လ ၁၁ ရက်နေ့က လန်ဒန်မြို့မှာ လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
သောင်းချီတဲ့ ဆန္ဒပြ လူုအုပ်တွင် ဇီယွန်ဝါဒ လက်မခံတဲ့ ဂျူး လူမျိုးများလဲ ပူးပေါင်း ပါဝင်ခဲ့ကြပြီး လန်ဒန်မြို့ အနောက်ပိုင်းမှာရှီတဲ့ အစ္စရေး သံရုံးရဲ့ အပြင်ဘက်မှာ ပိုဆန္ဒတာများ ၊ ကြွေးကြော်သံများ ဖြင့် တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။
အစ္စရေးလေတပ်မှာ ဂါဇာဒေသကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဇူလိုင်လ(၁၁) ရက်နေ့က ထိ ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အမျိုးသမီး နှင့် ကလေးငယ်များ ဖြစ်ကြကြောင်း သိရပါတယ်။
အစ္စရေးရဲ့ လုပ်ရပ်ကို ကမ္ဘာတဝှမ်းမှာ ဆန္ဒပြပွဲများ ပြုလုပ်ကာ ရှုတ်ချ လျက်ရှိကြောင်းပါ။
Comments