6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၇ ၊ ၂၀၁၄
M-Media

3

– အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လအား ဂုဏ်ပြုသည့်အနေဖြင့် အစ်ဖ်သာရ်(၀ါဖြေပွဲ) အခမ်းအနားတစ်ခုအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ် မစ်ချဲလ်က ယမန်နေ့တွင် ၎င်း၏ နေအိမ်၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ အခမ်းအနားသို့တက်ရောက်ရန်အတွက် ဘာသာအသီးအသီးမှ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို မစ်ချဲလ်က ဖိတ်ကြားခဲ့ပြီး စုစုပေါင်း လူ ၃၀ ခန့် တက်ရောက်ခဲ့ကြသည်။

2

အဆိုပါအခမ်းအနား တွင် မစ်ချဲလ်က ဤ ဝါဖြေပွဲမှာ ကမ္ဘာ့ဘာသာတရားကြီးများထဲမှ တစ်ခုအား ဂုဏ်ပြုရန်နှင့် ထိုဘာသာတရားက သွန်သင်ထားချက်များ၊ ဘာသာတရားအားလုံးကို ပေါင်းစည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ ပညတ်ချက်များကို အားပေးဂုဏ်ပြုရန် အခွင့်အရေးပင်ဖြစ်ကြောင်း၊ ထိုသွန်သင်ချက်များမှာ ငြိမ်းချမ်းရေး၊ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် လူသားထုအပေါ်အတွင် မေတ္တာတရား ထားရှိရန်ဖြစ်ကြောင်း၊ အဆိုပါ သွန်သင်ချက်များမှာ ဘာသာတရားကိုလိုက်၍ အမည်အမျိုးမျိုး ကွဲပြားနေသော်လည်း အခြေခံအဓိပ္ပါယ်မှာ ချစ်ခင်ကြင်နာမှု၊ မေတ္တာတရား၊ ငြိမ်းချမ်းရေး စသဖြင့် အတူတူပင်ဖြစ်ကြာင်း၊ ထိုသွန်သင်ချက်များ ဘာသာတရားနှင့် လူ့အဖွဲ့အစည်းများတွင် ပြန်လည်ပေါ်ပေါက်လာခြင်းက မိမိတို့အကြား ကွဲပြားစေသည့် မတူညီမှုများထက်၊ အမြဲတစေ ပိုမို ပေါင်းစည်းချစ်ကြည်စေရန် ဆက်သွယ်ပေးသည့်အရာဖြစ်သည်ဟု သက်သေပြခြင်းပင်ဖြစ်ကြောင်း စသဖြင့် မစ်ချဲလ်က ပြောကြားခဲ့သည်။

1

အစ္စလာမ့်ပြက္ခဒိန်၏ အမြင့်မြတ်ဆုံးဖြစ်သည့် ရမ်ဇာန်လတွင် အစ္စလာမ်ဘာသာဝင်များမှာ နံနက်အရုဏ်တက်အချိန်မှ ညနေ နေ၀င်ချိန်အထိ စားခြင်း၊ သောက်ခြင်း၊ မေထုန်မှီဝဲခြင်း၊ အကျိုးမဲ့သောစကားများ၊ အလုပ်ရပ်များ စသည်တို့ကို ရှောင်ကျဉ်ရပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးကိုလည်း အကုသိုလ် လုပ်ရပ်များမှ လွတ်ကင်းအောင် ထိန်းသိမ်းရသည်။

ဥပုသ်သီလဆောက်တည်သည့် အစ္စလာမ်ဘာသာဝင်များ ညနေ နေ၀င်ပြီးနောက် ဥပုသ်ထွက်စားသောက်ခြင်းကို အစ်ဖ်သာရ်ဟုခေါ်သည်။

ဓါတ်ပုံနှင့် ကိုးကား- ရန်ကုန် အမေရိကန် သံရုံးရဲ့ FB

Leave a Reply