6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂ ၊ ၂၀၁၄
M-Media

ရေနစ်သေဆုံးသည့် အလောင်းတခုအား ရဟတ်ယာဉ်ဖြင့် ဆယ်ယူလာစဉ် Photo: Reuters

– ပါကစ္စတန်တောင်ပိုင်း ကရာချီမြို့ အပန်းဖြေဆိပ်ကမ်းများတွင် ရေဆင်းကူးရင်း ရေနစ် သေဆုံးခဲ့သူ ၃၃ ဦး အလောင်းကို ကယ်ဆယ်ရေးအဖွဲ့များက ဆယ်ယူရရှိခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

ကမ်းခြေသို့ သွားရောက်ခဲ့ကြသူများ၏ မိသားစုဝင်များက ၎င်းတို့၏ ဆွေမျိုးများ ပျောက်ဆုံးနေသည်ဟု အင်္ဂါနေ့ကတည်းက ရဲတပ်ဖွဲ့နှင့် ဒေသတွင်းအဖွဲ့အစည်းများသို့ တိုင်ကြားခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ရေနစ်သေဆုံးမှုဖြစ်ပွားကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။

မုတ်သုံရာသီတွင် ပင်လယ်ပြင်သို့ ရေဆင်းမကူးရန် ပိတ်ပင်ထားပြီး သေဆုံးသွားသူများမှာ အဆိုပါ ပိတ်ပင်မှုကို ချိုးဖောက်၍ ရေဆင်းကူးခဲ့ခြင်းဖြစ်သည်ဟု ကာရာချီမြို့ ကော်မရှင်နာ မင်ကြီးက မီဒီယာသို့ ပြောကြားခဲ့သည်။

ရဲစခန်းအများအပြားတွင် ထိုကဲ့သို့ တိုင်ကြားထားမှုမှာ ၄၀ ခန့်ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြားထားပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေသည်။ လူအများအပြား ဆက်လက်ပျောက်ဆုံးနေ သည်ဟု ယုံကြည်ရသော်လည်း အရေအတွက် အတိအကျကိုမူ သိရှိရခြင်း မရှိသေးပေ။

ရေနစ်သေဆုံးသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ကမ်းခြေသို့ သွားရာလမ်းမများကို ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင် ပိတ်ပစ်ခဲ့ပြီး၊ နိုင်ငံခြားသားများကို ထိုကမ်းခြေများသို့ သွားရောက်ခြင်းမှလည်း တားမြစ်ခဲ့သည်။

ပါကစ္စတန် သမ္မတ မန်နွန်ဟူစိန်နှင့် ၀န်ကြီးချုပ် နာဝက်ဇ် ရရှစ်ဖ်တို့ကမူ ထိုအဖြစ်အပျက်အတွက် တုန်လှုပ်မိကြောင်းနှင့် သေဆုံးသူများ၏ မိသားစုများနှင့် ထပ်တူ ထပ်မျှ ၀မ်းနည်း ရပါကြောင်း ပြောကြားခဲ့သည်။

ref_ ဆင်ဟွာ

Leave a Reply