6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၆၊ ၂၀၁၄
M-Media
လမင်း
DSC03819
ရန်ကုန် ။      ။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထုဆန္ဒကောက်ယူ လက်မှတ်ရေးထိုးပွဲပြုလုပ်ခဲ့ရာ လက်မှတ်ပေါင်း ၅ သန်းနီးပါးရရှိသောကြောင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ၄၃၆ ပြင်ဆင်ရေးလူထုဆန္ဒလက်မှတ်ရေးထိုးခြင်း လှုပ်ရှားမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ဦးကိုကိုကြီးက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“တစ်ဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအကြောင်းကို ဟောပြောခဲ့ရလို့ ပြည်သူတွေနိုးကြားမှုတွေ ရရှိခဲ့ရတယ်။ ၄၃၆ ပြင်ဆင်မှုဟာ တခြားပုဒ်မတွေကိုပြင်ဆင်ရမယ့် ပထမဆုံးခြေလှမ်းပါ။ အခုပြည်သူ့ဆန္ဒတွေကို လွှတ်တော်ကိုတင်တော့မယ်ဆိုတော့ ပြည်သူ့လွှတ်တော်သာ ပြည်သူတွေကိုအလေးအနက်ထားမယ်ဆိုရင် ပြည်သူတွေရဲ့ဆန္ဒကို လိုက်လျောရပါ့မယ်” ဟု ၎င်းကသုံးသပ်ပြောကြားခဲ့သည်။

ပြည်သူတွေကို ကိုယ်စားပြုထားတဲ့ လွှတ်တော်ကိုယ်စားတွေမှလည်း ပြည်သူများ၏ ဆန္ဒကိုအလေးအနက် စဉ်းစားပေးစေလိုကြောင်း၊ ယခုကဲ့သို့ လက်မှတ်အများကြီးရရှိတဲ့အတွက် အောင်မြင်တယ်ဟု ယူဆကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောဆိုခဲ့သည်။

ပြည်သူ့ဆန္ဒကောက်ခံလတ်မှတ်ရေးထိုးပွဲကို ၂၀၁၄ မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့ထိ မြန်မာနိုင်ငံအနှံ့အပြားတွင် ကျင်းပပြုလုပ်ခဲ့ရာ လတ်မှတ်ပေါင်း ၅ သန်းနီးပါးရရှိခဲ့သည်။ ထိုရရှိလာသော လတ်မှတ်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တို့မှပူးပေါင်းပြီး ၄၃၆ ပြင်ဆင်ရေး၊ ပြည်သူ့ဆန္ဒကောက်ယူပွဲနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တို့ကို  မြန်မာပြည်အနှံ၌ လူထုဟောပြောပွဲများကို မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ထိ ပြုလုပ်ခဲ့ကြသည်။

Leave a Reply