သြဂုတ် ၂၂ ၊ ၂၀၁၄
M-Media
– မိမိတို့အသင်း၏ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီအား လီဗာပူးလ်အသင်းက ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဟု အေစီမီလန်အသင်းက ကြေညာခဲ့သည်။
ယမန်နေ့က အေစီမီလန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းခဲ့သည့် ဘာလော့တယ်လီမှာ အေစီမီလန်ဂျာစီကို နောက်ဆုံးဝတ်ဆင်ခြင်းဖြစ်သည်ဟု Sky Sports Italia က ကြေညာခဲ့ပြီး နောက်ပိုင်းတွင် အေစီမီလန်အသင်း ၀ဘ်ဆိုက်ကလည်း ဘာလော့တယ်လီ ထွက်ခွာမှုနှင့် စပ်လျဉ်း၍ ရေးသားဖော်ပြခဲ့သည်။
“အသင်းဖော်တွေကို နှုတ်ဆက်ပြီးတဲ့နောက် ဘာလော့တယ်လီဟာ ဒေသစံတော်ချိန် နေ့လည် ၁ နာရီခွဲမှာ Milanello အားကစားစင်တာ (လေ့ကျင့်ရေးကွင်း) ကနေ ထွက်ခွာသွားခဲ့ပါတယ်။ မထွက်ခွာခင်မှာ မီလန် သတင်းအဖွဲ့ရုံးခန်းကိုလည်း လာရောက် နှုတ်ဆက်သွားပါတယ်” ဟု အေစီမီလန်အသင်းက ရေးသားဖော်ပြခဲ့သည်။
ဘာလော့တယ်လီမှာ အေစီမီအသင်းသို့ ပြီးခဲ့သည့်နှစ်က ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် ၄၃ ပွဲကစားကာ ၂၆ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ၎င်းအား ယူရို သန်း ၂၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှုရခဲ့သည်ဟု သတင်းများက ဖော်ပြနေကြသည်။
လီဗာပူးလ်အသင်းမှာ ချယ်ဆီးတိုက်စစ်မှူးဟောင်း အီတူးကိုလည်း တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူရန် ချဉ်းကပ်နေသည်။
Comments