6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၃ ၊ ၂၀၁၄
M-Media
376142_Navi-Pillay
– ကမ္ဘာတစ်ဝှမ်း မတည်မငြိမ်ဖြစ်နေသည့် ဒေသများအရေး ထိထိရောက်ရောက် မစွမ်းဆောင်မှုအတွက် လုံခြုံရေးကောင်စီအား ကုလ လူ့အခွင့်အရေးအကြီးအကဲ နဗီ ပီလေးက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး လုံခြုံရေးကောင်စီမှာ ရက်စက် ယုတ်မာမှုများကို တားမြစ်ရန်ထက် ၎င်းတို့၏ အကျိုးစီးပွားကိုသာ မကြာခဏ ရှေ့တန်းတင်ကြသည်ဟု ပြောဆိုလိုက်သည်။

ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေသည့် ပဋိပက္ခများအား ပိုမိုထိရောက်စွာ ဖြေရှင်းရေး ကတိပြုထားသည့် မူကြမ်းတစ်ခုကို အတည်ပြုခဲ့သော ယမန်နေ့ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပီလေးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“သည်းမခံနိုင်တဲ့ လူသားတွေရဲ့ ခံစားရမှုတွေ၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက်မှု၊ ရေရှည်ခြိမ်းခြောက်မှုတွေထက် ရေတို ပထ၀ီနိုင်ငံရေးနဲ့ အမျိုးသားအကျိုးစီးပွားတွေကို ထပ်တလဲလဲ ဆောင်ရွက်နေကြပါတယ် ” ဟု ပီလေးက ပြောကြားခဲ့သည်။

ထို့ပြင် ပဋိပက္ခများကို တားဆီးရန်၊ ရပ်တန့်ရန် ရည်ရွယ်သော လုံးခြုံရေးကောင်စီ၏ ဆောင်ရွက်မှုများတွင် ဗီတိုအာဏာ ပိုင်ဆိုင်ထားသည့် နိုင်ငံ ၅ နိုင်ငံအနေဖြင့် ၎င်းတို့၏ အခွင့်အာဏာအား အသုံးပြုခြင်းမှ ရှောင်ကျဉ်ရန်လည်း ပီလေးက တိုက်တွန်းခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စများတွင် ကုလလုံခြုံရေးကောင်စီ၏ မအောင်မြင်မှုများကို ကမ္ဘာ့ခေါင်းဆောင်များကလည်း မကြာသေးမီက ဝေဖန်မှုများပြုလုပ်ခဲ့ကြသည်။

ပဋိပက္ခများနှင့် ပတ်သက်ပြီး လုံခြုံရေးကောင်စီ၏ ပိုမိုကောင်းမွန်သော တုံ့ပြန်မှုများက ပြည်သူ သိန်းပေါင်းမျာစွာ၏ အသက်များကို ကယ်တင်နိုင်လိမ့်မည်ဖြစ်ကြောင်း ပီလေးက ပြောကြားခဲ့ပြီး၊ ဆီးရီးယား၊ အာဖဂန်၊ အီရတ်နှင့် ပါလက်စတိုင်းတို့တွင် ဖြစ်ပွားနေသည့် ပြဿနာများမှာ ခန့်မှန်း၍ မရကြောင်းကိုလည်း သတိပေးပြောကြားခဲ့သည်။

ကုလလူ့အခွင့်အရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပီလေး၏ ၆ နှစ်သက်တမ်းမှာ သြဂုတ်လ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။

Press TV

Tags: ,

Leave a Reply