စက်တင်ဘာ ၁၁ ၊ ၂၀၁၄
M-Media
– ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား နွေရာသီ သို့မဟုတ် ဆောင်းရာသီတွင် ကျင်းပမည်လားဆိုသည်ကို ဆုံးဖြတ်ရန် အဖွဲ့များအကြား သဘောတူညီချက်ကို ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေး ဆက်သွယ်မှုနှင့် ဈေးကွက် အမှုဆောင်ဒါရိုက်တာ နာဆာရန် အလ်-ခေတာက ပြောကြားခဲ့သည်။
ကာတာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်း၊ ပူပြင်းသောနွေရာသီတွင် ကစားသမားများနှင့် ပရိတ်သတ်များ၏ ကျန်းမာရေးစိုးရိမ်ရမူ စသည့်ပြဿနာများကြောင့် ကာတာအား ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့ခြင်းအတွက် ဖီဖာမှာ ဝေဖန်မှုများ ခံနေရသည်။
ထို့ကြောင့် ပြင်းထန်သောနွေရာသီတွင် ကျင်းပမည့်အစား ပြိုင်ပွဲအား ဆောင်းရာသီတွင် ပြောင်းရွှေ့ကျင်းပရန်အတွက် ပွဲစဉ်ဇယား ပြန်လည်ရေးဆွဲရန် ဖီဖာမှ အမှုဆောင်ကောင်စီမှ အဖွဲ့တစ်ခုကို ဖွဲ့စည်းပေးထားပြီး ယခုသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အလ်ခေတာကမူ အဆိုပါအစည်းအဝေးမှာ အကျိုးရှိခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို မည်သည့်အချိန်တွင် ကျင်းပမည်ကို သဘောတူညီချက်ရရှိရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့ပြင် မိမိတို့အနေဖြင့် ဘောလုံကွင်းအတွင်းနှင့် အများပြည်သူများနှင့် သက်ဆိုင်သော နေရာများတွင် လေအေးပေးစက်များ တပ်ဆင်ကာ အပူချိန်အား လျော့ကြရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခေတာက ထပ်လောင်းပြောကြားခဲ့သည်။
Comments