စက်တင်ဘာ ၁၇ ၊ ၂၀၁၄
M-Media
အမေရိကန် ရှီကာဂို မြို့မှာ ကျင်းပတဲ့ (IMTS)နိုင်ငံတကာ စက်မှုထုတ်လုပ်မှု နည်းပညာ ပြပွဲမှာ Local Motors ကားကုမ္ပဏီက ကားတစ်စီးကို 3D printer အသုံးပြုပြီး တည်ဆောက်ပြခဲ့ပါတယ်။
သာမန်ကားတစ်စီးမှာ အစိတ်အပိုင်း ၂၀,၀၀၀ ခန့်ထိ ပါဝင်ပေမယ့် အခုတည်ဆောက်တဲ့ကားမှာတော့ အစိတ်အပိုင်း ၄၀ ပဲပါဝင်ပါတယ်။
ကားအမည်ကို Strati လို့ပေးထားပါတယ်။ ကားတည်ဆောက်တဲ့ကြာချိန်ကတော့ 3D printing ၄၄ နာရီ၊ အချောကိုင်စက် ကြာချိန်နဲ့ အင်ဂျင်၊ စတီယာရင်၊ ဘီး၊ suspension ကဲ့သို့ အစိတ်အပိုင်းတပ်ဆင်ချိန် စုစုပေါင်း ၄ ရက် ကြာမြင့်ပါတယ်။
လျှပ်စစ်အင်ဂျင်နဲ့ မောင်းနှင်ပြီး တစ်နာရီ မိုင်၄၀ နှုန်း မောင်းနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဈေးကွက်တင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်း US$ 18,000လောက် ခန့်မှန်းထားပါတယ်။
တင်ဆက်သူ- daythanix
Comments