စက်တင်ဘာ ၃၀ ၊ ၂၀၁၄
M-Media
– ခါကာဘိုရာဇီ တောက်တက်သမားနှစ်ဦးပျောက်ဆုံးမှု ရှာဖွေရေး လုပ်ငန်းများတွင် ပါဝင်ကူညီနေရင်း ပျောက်ဆုံးသွားခဲ့သည့် ထိုင်းထောက်ပံ့ရေး ရဟတ်ယာဉ် တစ်စင်းမှာ ပျက်ကျသွားခြင်းဖြစ်သည်ဟု ထူးဖောင်ဒေးရှင်းက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
နောင်မွန်ဒေသရှိ ရွာသားများက ယနေ့နံနက် ၃ နာရီခန့်တွင် ရဟတ်ယာဉ်ပျက်ကို တွေ့ရှိကြောင်း ဒေသခံ အာဏာပိုင်များသို့ အကြောင်း ကြားခဲ့ခြင်းဖြစ်ပြီး စစ်တပ်နှင့် ဒေသတွင်း ရဲတပ်ဖွဲ့ဝင်များက ထိုနေရာသို့ သွားရောက်ကြည့်ရှုရန် ကြိုးစားနေကြသည်။ အဆိုပါ ရဟတ်ယာဉ်တွင် ထိုင်းရဟတ်ယာဉ်မှူး တစ်ဦးနှင့် မြန်မာရဟတ်ယာဉ်မှူး ၂ ဦးတို့ လိုက်ပါသွားကြပြီး ၎င်းတို့၏ အခြေအနေကို မသိရသေးပေ။
Advance Aviation B-4 ရဟတ်ယာဉ်မှာ ကယ်ဆယ်ရေး အဖွဲ့သားများရှိရာ စခန်းသို့ ရိက္ခာသွားရောက် ပို့ဆောင်ရန် ပူတာအိုလေဆိပ်မှ စနေနေ့ နေ့လည်ပိုင်းတွင် ပျံသန်းခဲ့ပြီးနောက် မိနစ် ၂၀ ခန့်အကြာတွင် အဆက်သွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
ref: ဆင်ဟွာ
Comments