အောက်တိုဘာ ၂၅ ၊ ၂၀၁၄
M-Media
– မိမိရှိစဉ်အခါက မန်ယူအသင်းမှာ မာဖီးယားဂိုဏ်းနှင့်တူပြီး အသင်းရှိကစားသမားတိုင်းမှာ ၎င်းတို့ခံစားချက်များကို မပြောရဲကြဟု မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်းက ပြောကြားလိုက်သည်။
ရွိုင်ကိန်းမှာ မကြာသေးမီက ထုတ်ဝေခဲ့သော ၎င်း၏ ဒုတိယမြောက် ကိုယ်ပိုင်ရေးအထုပ္ပတ္တိတွင် အသင်းနှင့် နည်းပြဟောင်း ဖာဂူဆန်တို့ကိုပါ ဝေဖန်ထားပြီး၊ ယခုအခါ ထပ်မံ၍ မန်ယူအား ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“မာဖီးယားဂိုဏ်းရဲ့ အခြေအနေနီးနီးပါပဲ။ အခုအချိန်မှာ မန်ယူကို ကြည့်လိုက်ရင် ၀ါဒဖြန့်မှုအများအပြား ရှိနေတာကို တွေ့ရမှာပါ။ မဟုတ်တာတွေပြောမယ်။ ကစားသမားဟောင်းတွေက အသင်းမှာအလုပ်လုပ်နေပြီး၊ အသင်းကလည်း ကြင်နာကြောင်း ပြသလေ့ရှိပါတယ်” ဟု ရွိုင်ကိန်းက ပြောကြားခဲ့သည်။
ထို့ပြင် MUTV ကိုလည်း ရွိုင်ကိန်းက ဝေဖန်ခဲ့ပြီး MUTV မှ လူများမှာ မန်ယူအသင်းအား ဒစ္စနေလန်းကဲ့သို့ လည်းကောင်း၊ ကစားသမားများအား မစ်ကီးမောက်စ်များကဲ့သို့ သဘောထားကြောင်း၊ မန်ယူအသင်း ရလဒ်ဆိုးများဖြင့် ရှုံးနိမ့်သော်လည်း အသင်းဟာ ကောင်းခဲ့ပါတယ်ဟု ဖာထေးကြကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ref_ The Mirror
Comments