6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၃ ၊ ၂၀၁၄
M-Media
pro-independence-people
– ကာတာလိုနီယာဒေသ စပိန်မှခွဲထွက်ရန် အတွက် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီးနောက် လွတ်လပ်သော နိုင်ငံအဖြစ် ထူထောင်ရန် ကြိုးစားမှုအား မိမိတို့မှ လက်မခံဟု စပိန်အစိုးရက အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

ကာတာလိုနီယာခေါင်းဆောင်များမှာ မဲခွဲမှုရလဒ်အတွင် အစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် မက်ဒရစ်သို့ သွားရောက်နေစဉ် စပိန်အစိုးရက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“(နိုင်ငံကခွဲထွက်ဖို့) ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဟာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေမှာလည်း မရှိသလို ကျွန်တော်တို့ပတ်ဝန်းကျင်က ဒီမိုရက်တစ်နိုင်ငံတွေမှာလည်း မရှိပါဘူး” ဟု စပိန် ဒုတိယ၀န်ကြီးချုပ် ဆိုရာယာ ဆာအီန်ဇ် ဒီ ဆန်တာမာရီယာက ပါလီမန်တွင် ပြောကြားခဲ့သည်။

နိုင်ငံမြောက်ပိုင်း ချမ်းသာကြွယ်ဝသည့် ကာတာလိုနီယာဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမို ရရှိရန် တောင်းဆိုမှုများမှာ ပြီးခဲ့သည့်နှစ်များအတွင်း မြင့်တက်လာခဲ့ပြီး စပိန်အစိုးရ၏ ငြင်းဆိုမှုနှင့် လက်ရှိ ရင်ဆိုင်နေရသော စီးပွားရေးပြဿနာများကလည်း ထိုကိစ္စ အတွက် မီးထိုးပေးခဲ့သည်။

တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော ပြည်သူ ဆန္ဒခံယူပွဲတွင် ကာတာလိုနီယာပြည်သူ ၂ သန်းကျော် မဲပေးခဲ့ကြပြီး ခွဲထွက်ရေးကို ထောက်ခံသော မဲအရေအတွက်မှာ ၈၈ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။

– AFP/de

Tags:

Leave a Reply