6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၃၀ ၊ ၂၀၁၄
M-Media

Hla Tun Oo, a ethnic Rakhine, is pictured in Maw Ya Waddy village near Maungdaw town in northern Rakhine State

မောရဝတီရွာက ကိုလှထွန်းဦး (ဓာတ်ပုံ – Reuters)

ဝေးလံခေါင်သီသော မြန်မာနိုင်ငံအနောက်စွန်းဒေသအား ကျောခိုင်း၍ နီးရာနိုင်ငံများသို့ လှေငယ်လေးဖြင့် ထွက်ခွာကြသူ ရိုဟင်ဂျာမွတ်စ်လင်မ်တို့သည် နှစ်များစွာအတွင်း ထောင်ချီရှိနေကြပြီ။ သို့ရာတွင် ယင်းသို့တအုံတကျင်းစွန့်ခွာသည့် အုပ်စုတစ်စုအကြောင်းကိုမူ သတင်းများ၌ အရေးတယူဖော်ပြမှု နည်းပါးလှလေခြင်း။

ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတို့သည်လည်း ၄င်းတို့ ရန်သူသဖွယ် သတ်မှတ်ထားသည့် ရိုဟင်ဂျာနည်းတူ မလေးရှားနှင့် ထိုင်းနိုင်ငံများတွင် အလုပ်အကိုင် ရှာဖွေရေးအတွက် ရခိုင်ပြည်နယ်မှ တဖွဲဖွဲ ထွက်ခွာနေလျက်ရှိသည်။ တရားမ၀င် လမ်းကြောင်းများဖြင့် ခရီးနှင်ကြသည့် ရိုဟင်ဂျာများ အတိုင်း ရခိုင်လူမျိုး အုပ်စုအချို့သည်ပင်လျှင် လူကုန်ကူးခြင်း၏ သားကောင်များအဖြစ် သက်ဆင်းနေကြရ၏။

အစုလိုက်အပြုံလိုက် ထွက်ခွာမှုသည် စီးပွားရေး ယိုယွင်း အားနည်းမှုကို ထင်ဟပ်စေသည်။ မြန်မာနိုင်ငံ၏ အရပ်သားတစ်ပိုင်း အစိုးရသည် ၂၀၁၁ ခုနှစ် အာဏာရယူပြီးကတည်းက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများစွာကို ဆောင်ရွက်လာသော်လည်း အလုပ်အကိုင်များကိုမူ လုံလောက်အောင် မဖန်တီးပေးနိုင်ခဲ့ချေ။

“ရခိုင်ကျေးရွာတွေကို သွားကြည့်လိုက်ပါ။ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကိုသာ တွေ့မြင်ရပါလိမ့်မယ်။ လူငယ်တွေ ထွက်ခွာသွားကုန်ကြပါပြီ” ဟု ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ထင်ရှားသော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးထွန်းမောင်က ပြောပြပါသည်။

ရခိုင်နှင့်ရိုဟင်ဂျာ လူမျိုးနှစ်စုလုံး တအုံတကျင်းထွက်ခွာနှုန်းမှာ ထိုလူ့အဖွဲ့အစည်းနှစ်ရပ်အကြား အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်တစ်နှစ် ၂၀၁၂-၁၃ ခုနှစ်တွင် ပိုမို အရှိန်မြင့်ခဲ့သည်။ ယင်းအကြမ်းဖက်မှု၌ လူပေါင်း ရာချီသေဆုံးကာ တစ်သိန်းလေးသောင်းဝန်းကျင် အိုးအိမ်မဲ့ဘ၀ ရောက်သွားသည်။ အများစုက ရိုဟင်ဂျာများ ဖြစ်ကြသည်။

နေရပ်စွန့်ရသူ ရိုဟင်ဂျာများစွာတို့သည် ယခုအခါ ရခိုင် ကမ်းရိုးတန်း တစ်လျှောက် နုံချာညစ်စုတ်သည့်စခန်းများတွင် နေထိုင်နေကြရသည်။ ထိုဒေသများ၌ ခနော်ခနဲ့ လက်လုပ် လူမှောင်ခို လှေငယ်လေးများကို အလွယ်တကူ ဆိုက်ကပ်နိုင်သည့် နေရာဖြစ်သည်။

၂၀၁၂ အကြမ်းဖက်မှုကာလမှစ၍ ရိုဟင်ဂျာ တစ်သိန်းခန့်မှာ ထိုလှေများဖြင့် ဇာတိစွန့်ထွက်ခွာသွားကြောင်း ရိုဟင်ဂျာအရေးဆောင်ရွက်နေသည့် Arakan Project မှဆိုသည်။

ရခိုင်လူမျိုးတို့၏ တအုံတကျင်းထွက်ခွာမှုကို သတိထားမိသူနည်းပါးကြ၏။ အကြောင်းသော် သူတို့သည် နိုင်ငံမဲ့ ရိုဟင်ဂျာအများစု မရရှိနိုင်သော နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်၍ ကုန်းကြောင်း၊ လေကြောင်းဖြင့် သွားလာနေကြသောကြောင့်ဖြစ်သည်။

၂၀၁၂ ခုနှစ် နောက်ပိုင်း ရခိုင်လူမျိုး အမြောက်အများ ထွက်ခွာသွားခဲကြသည်ဟု အာဏာပိုင်များ မှ ပြောကြသည်။ စစ်အာဏာရှင်အစိုးရ လက်ထက်အတွင်း ရာစုနှစ်ဝက်နီးပါးမျှ လျစ်လျူရှုခံရသော ဒေသတွင်း စီးပွားရေးမှာ ဆိုးဝါးဆုတ်ယုတ်လာခဲ့သည်။

ပြည်ပတွင် အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသားများ သန်းချီရှိကြသည်။ အိမ်နီးချင်း ထိုင်နိုင်ငံတစ်ခုတည်းမှာပင် ၂ သန်းဝန်းကျင်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂက ဆိုသည်။ ၎င်းတို့အများစုသည် မြန်မာ့စီးပွားရေး တိုးတက်မှု မရှိမချင်း ပြန်လာမည့်အရိပ်အယောင် မတွေ့ရချေ။

အယုံအကြည် မရှိ
——————–
ရခိုင်တို့၏ တအုံတကျင်း ပြောင်းရွှေ့ထွက်ခွာခြင်းက ၎င်းတို့၏ စီးပွားရေးပြဿနာများနှင့် လူမျိုးရေးတင်းမာမှုများကို ပိုပြီးဆိုးဝါးသွားစေသည်။

လူဦးရေ ၃.၂ သန်းရှိ ရခိုင်ပြည်နယ်၏နေရာအများအပြားတွင် လူနည်းစုဝင် ရိုဟင်ဂျာတို့မှာ ရခိုင်တို့၏ တဖက်စောင်းနင်းဆက်ဆံမှုကို ခံနေကြရပြီး လူဦးရေအချိုးအစားအရ ရခိုင် ၂ ဦးလျှင် ရိုဟင်ဂျာတစ်ဦးနှုန်းဖြစ်နေသည်။

သို့သော် မြန်မာနိုင်ငံမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောဒေသတွင်မူ ကိန်းဂဏန်းများ ပြောင်းပြန်ဖြစ်နေပြန်သည်။ စုစုပေါင်းလူဦးရေ ၅ သိန်း ၁ သောင်းအနက် ရခိုင် သို့မဟုတ် မွတ်စ်လင်မ်မဟုတ်သူများသည် သုံးသောင်းမျှသာရှိနေကြောင်း မောင်တောဒေသသို့ နိုင်ငံခြားသတင်းထောက်တစ်ဦး ရှားရှားပါးပါးရောက်ရှိကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်းနှင့်တွေ့ဆုံစဉ် ၎င်းက ပြောပြခဲ့သည်။

ပြည်ပအလုပ်အကိုင်အတွက် လူငယ်များ ရွာစွန့်ထွက်ခွာကြသည်နှင့်အမျှ ကျန်ရစ်သူ ရခိုင်တို့မှာ ပိတ်ဆို့ထားခြင်းနှင့် လုံခြုံမှုကင်းမဲ့ခြင်းကို ခံစားလာရသည်။

လှထွန်းဦး (၃၀ နှစ်)သည် မလေးရှားတွင် စက်ရုံလုပ်သားအဖြစ် ၇ နှစ်တာ သွားရောက်လုပ်ကိုင်ပြီးနောက် မောရ၀တီရွာသို့ မကြာသေးမီက ပြန်ရောက်လာသည်။ သူ ရွာ၌ ရှိမနေချိန် ၂၀၁၂ ခုနှစ်၌ ရိုဟင်ဂျာအုပ်စုတစ်စု၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ယင်းမောရ၀တီရွာအား မြန်မာအစိုးရနှင့် နိုင်ငံတကာထောက်ပံ့ရေးအေဂျင်စီများ၏ အကူအညီဖြင့် ပြန်လည်တည်ဆောက်ခဲ့သည်။ ၎င်းသည်လည်း စစ်တပ်ကြီးစိုးရာနယ်မြေ ဖြစ်သည်။

စစ်သားများသည် တောင်ကုန်းထိပ်တစ်ခုမှ နယ်မြေကို စောင့်ကြပ်ထားသည်။ ကမ်းခြေတစ်လျှောက်ရှိ လူသိများသော ရိုဟင်ဂျာရွာများနှင့် မောရ၀တီရွာအကြားရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ခုတွင် စစ်သားတို့ကို တပ်စွဲထားစေသည်။

ရခိုင်ကျေးရွာများအနီးတစ်ဝိုက်တွင် အမြဲတမ်းရဲတပ်ဖွဲ့များ ရှိကြပြီး ရွာများကို စစ်တပ်မှ တည်ဆောက်ထားသောလမ်းများဖြင့် ချိတ်ဆက်ပေးထားသည်။ ထိုလမ်းများဖြင့် ရိုဟင်ဂျာလူ့အဖွဲ့အစည်းကို ရခိုင်များမှ ရှောင်ဖယ်သွားလာစေသည်။

မိမိပြန်လာရခြင်းအကြောင်းကို လှထွန်းဦးက “ကျွန်တော် ဒီနေရာမှာမွေးတယ်။ ကျွန်တော့်မြေကို ကျွန်တော်ချစ်တယ်။ ကာကွယ်ပေးချင်တယ်”ဟူ၍ ပြောပြသည်။

မောရ၀တီမှ ထွက်ခွာသွားသော လှထွန်းဦး၏ညီ ၂ ဦးအပါအ၀င် ရွာပေါင်း ၁၀၀ ခန့်မှ လူငယ်များသည် မလေးရှား သို့မဟုတ် ပြည်ပတစ်နေရာရာသို့ အလုပ်အကိုင်နေပြီး ယောကျာ်း ၂၀ ခန့်သာ အလုပ်လုပ်နိုင်သည့် အရွယ်ရှိသူမျး ဖြစ်သာ ကျန်ရှိကြသည်။

အနီးဝန်းကျင်ရှိ မွတ်စ်လင်မ်များနှင့် ဆက်ဆံရေးမှာ ဖိအားပေးခံနေရဆဲပင်။ ရခိုင်လယ်သမားတို့သည် ၂၀၁၂ ခုနှစ်မတိုင်ခင်ကကဲ့သို့ မွတ်စ်လင်မ်တို့အား သူရင်းငှားချပေးခြင်း အလျဉ်းမပြုကြတော့။
“သူတို့ကို လုံးဝ အယုံအကြည် မရှိတော့ပါဘူး” ဟု ရွာလူကြီး ဦးမောင်မောင်သိန်းက ဆိုသည်။

သို့သော် ရခိုင်များသည် ရိုဟင်ဂျာတို့၏ အခြေအနေများနှင့် များစွာ ဆင်တူကြသည်။

နိုင်ငံကူးလက်မှတ်မရှိသော ရခိုင်လူမျိုး ဖြူတုတ် (၃၀ နှစ်)သည် ပွဲစားကို ဒေါ်လာ ၆၀၀ ပေးပြီး မလေးရှားနိုင်ငံထဲသို့ တရားမ၀င်ပို့ဆောင်စေခဲ့သည်။ ခရီးသွားလာရေးစာရွက်စာတမ်းများ ရရှိရန် ခဲယဉ်းလှသော ရိုဟင်ဂျာတို့သည်လည်း ပွဲစားများကိုသာ အားကိုးမှီခိုနေကြရသည်။

ဖြူတုတ်ကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ပို့လွှတ်ခဲ့သည်။ သူသည် ထိုင်းနိုင်ငံသို့ လှေဖြင့် ဖြတ်ကူးသည်။ ထို့နောက် ခြေလျင်ခရီးဖြင့် တောနက်တောင်ကုန်းများကို ဖြတ်သန်းကာ မလေးရှားသို့ ၀င်ရောက်သည်။ ထိုလမ်းကြောင်းသည် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတို့ အသုံးပြုသည့်လမ်းကြောင်းတစ်ခုဖြစ်သည်။

မိမိနှင့်အတူ ခြေလျင်ခရီးဆန့်ခဲ့သူများ အယောက် ၃၀ ရှိပြီး အားလုံးနီးပါးမှာ ရခိုင်လူမျိုးများ ဖြစ်ကြောင်း မလေးရှားစက်ရုံတစ်ခုတွင် တစ်နှစ်ကြာ လုပ်ကိုင်ခဲ့သူ ဖြူတုတ်က ပြောပြသည်။

ရိုဟင်ဂျာများကဲ့သို့ပင် ရခိုင်တို့သည်လည်း အသုံးချခံသားကောင်ဘ၀ ရောက်နေသည်။ သြဂုတ်လက ယခုနှစ်အစောပိုင်း အင်ဒိုနီးရှားရေပိုင်နက်အတွင်း ထိုင်းငါးဖမ်းသင်္ဘောများသို့ လူကုန်ကူးခံရသူ ရခိုင်အမျိုးသား ၁၄ ဦးအား ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ International Organization for Migration မှ ပြန်ပို့ပေးရေးကို စီစဉ်ပေးခဲ့သည်။ ထိုသူများမှာ ထိုင်းနိုင်ငံတွင် လစာကောင်းအလုပ်များရရှိမည်ဟု မြူဆွယ်ခံရခြင်း ဖြစ်၏။

လုပ်သားပျောက်နေသည့်တစ္ဆေ
———————————
ရခိုင်မိသားစုအမြောက်အများတို့သည် ပြည်ပလွှဲငွေများအပေါ် မှီခိုနေရသည်။ လှထွန်းဦးသည် နေအိမ်သို့ လစဉ် ဒေါ်လာ ၂၀၀ ပေးပို့ခဲ့ပြီး မလေးရှား၌ ၇ နှစ်နေပြီးနောက် ဒေါ်လာ ၂၀၀၀၀ စုဆောင်းမိခဲ့သည်။

သို့သော် ရခိုင်လူငယ်များစွာ ထွက်ခွာနေခြင်းက ၂၀၁၂ သွေးချောင်းစီးမှုမှ ကွင်းဆက်ဖြစ်လာသော ဒေသတွင်းစီးပွားရေးကို အထောက်အကူ မရရှိစေခဲ့။

ရခိုင်ပြည်နယ်မှာ ကာလရှည်ဆင်းရဲမွဲတေမှုဒဏ် ခံစားထားရသည်။ အာဟာရချို့တဲ့မှုများကို စိတ်ပျက်စွာတွေ့ရသလို ပြည်နယ်၏ကျောထောက်နောက်ခံ အခြေခံအဆောက်အဦမှာလည်း လောက်လောက်လားလား မခိုင်မာ၊ စက်ရုံအလုပ်ရုံများမှာ မဆိုစလောက်မျှသာ ရှိသည်။

၂၀၁၂ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာတို့၏ကျားကန်မှုဖြင့် ပေါကြွယ်ခဲ့သော ဟင်းသီးဟင်းရွက်များနှင့် ပင်လယ်စာများမှာ တဟုန်ထိုး ဈေးနှုန်းကြီးမြင့်ခုန်တက်သွားခဲ့သည်။ လုပ်အားခများမှာလည်း ထိုနည်းလည်းကောင်း။ စစ်တွေမြို့စီးပွားရေးလုပ်ငန်းများတွင်လည်း ရိုဟင်ဂျာများကို ငှားရမ်းလုပ်ကိုင်ခွင့် မပေးထား။ ရိုဟင်ဂျာတို့မှာ မြို့ပြင်သို့မောင်းထုတ်ခံရပြီး ရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်များဖြင့် ၀န်းရံထားသော ဝေးလံခေါင်သီလှသည့်စခန်းများ၌ ပိတ်လှောင်ခံထားရသည်။

“အကြမ်းဖက်မှုနဲ့ ခွဲခြားချိုးနှိမ်ဖယ်ကြဉ်ခြင်းက စီးပွားရေးကို ပိုပြီး ကြပ်တည်းသွားစေခဲ့ပါတယ်။ မွတ်စ်လင်မ်များဟာ (ဒုက္ခသည်)စခန်းတွေထဲကနေ ခွာမရဘူး၊ အလုပ်လုပ်ကိုင်ခွင့် မရကြဘူးလေ။ မငြိမ်သက်မတည်ငြိမ်မှုတွေကြောင့် တရားဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ဖို့ ပိုပြီးမလွယ်တော့ပါဘူး” ဟု မြန်မာ့အရေး အလွတ်တန်းသုတေသီ Richard Horsey မှ ဆိုသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသာလျှင် အလုပ်ရှာဖွေနေသူရခိုင်လူမျိုးတို့ကို ပြင်ပမထွက်အောင် ထိန်းထားနိုင်ပေမည်။ စစ်တွေမြို့တွင် စားသောက်ဆိုင် ၂ ခုနှင့် ဟော်တယ်တစ်လုံး ဖွင့်လှစ်လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမောင်က မိမိသည် ၆ လတိုင်အောင် လုပ်သားများခေါ်ယူကြေငြာခဲ့ပြီး မျှော်လင့်နေသော်လည်း အလုပ်လာလျှောက်သူ တစ်ဦးတစ်ယောက်မျှ မရှိသေးပါဟု ပြောပြပါလေသည်။

xxxxxxxxxxxxxxxxxx

ရိုက်တာ၏ဖော်ပြချက်ဆောင်းပါး  Exclusive: Poor and besieged, Myanmar’s Rakhine join Rohingya exodus ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။

 

Tags:

Leave a Reply