6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ရန်ကုန်၊ ဇွန် ၁၆

ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမရှိ အမ်၊ အီး၊ ဂျီ သားစဉ်မြေးဆက် ၀ကဖ် ဂျာမေဗလီ(ကုက္ကိုင်းဗလီ) နှင့် ဗလီဘေးရှိ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ကို ယနေ့နံနက် ၂း၃၀ နာရီအချိန်တွင် ၀တ်စုံနက်ဝတ်ထား သည့် လူအုပ်စုတစ်စုက လျှပ်တစ်ပြက် ၀င်ရောက်ဖျက်ဆီးခဲ့ကြသည်။“ည ၂နာရီခွဲလောက်မှာ ကားတိုက်လို့ မှန်ကွဲတဲ့ အသံမျိုးကြားရတယ်။ ဒါပေမယ့် မှန်ကွဲတဲ့ အသံတွေက ဆင့်ကဲဆင့်ကဲ ထပ်ကြားနေရတော့မှ ဗလီကို ဖျက်ဆီးနေမှန်း သိတော့တယ်။”ဟု ဗလီအနောက်ဘက်တွင် နေထိုင်သူ ဦးအီဘရာဟင်မ်က ပြောကြားသည်။

ယခုအချိန်အထိ ဖျက်ဆီးသူများအား ဖမ်းဆီးရမိခြင်းမရှိသေးသည့် ကုက္ကိုင်းဗလီနှင့် အစ္စလာမ်ဘာသာဝင် ဒေါ်အေးအေးငြိမ်းပိုင် ရှေးဟောင်းပစ္စည်းအရောင်းဆိုင်အား တိုက်ခိုက်ဖျက်ဆီးမှုကို ယနေ့နံနက် ၄ နာရီ ၀န်းကျင်အချိန်တွင် ရွှေဝါရောင်သံဃာတော်များမှ ဆရာတော်ဦးပဏ္ဍ၀ံသ ကြွရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ ရှေးဟောင်းပစ္စည်းတွေ လမ်းမပေါ်ထိ ပြန့်ကျဲနေတာတွေ့ရတယ်၊ ဗလီဆိုင်းဘုတ် ပျက်စီးပြီး မှန်ကွဲစတွေ အုတ်ခဲကျိုးတွေ ပြန့်ကျဲနေတာ တွေ့ရကြောင်း ဆရာတော်က မျက်မြင်ဖြစ်ရပ်ကို myanmarmuslim.net သို့မိန့်ကြားခဲ့သည်။
ထို့ပြင် ဆရာတော်က ယခုဖြစ်ရပ်သည် ရန်ကုန်မြို့ကို ပုဒ်မ ၁၄၄ ထုတ်စေလိုသူတို့၏ လုပ်ရပ်ဖြစ်ကြောင်း၊ ပုဒ်မ ၁၄၄ ပြီးရင် အရေးပေါ်အခြေအနေကူးပြောင်းပြီး တပ်မတော်ထံ ပြန်လည် အာဏာလွှဲပြောင်းပေးရ သည်အထိ ဖြစ်သွားနိုင်ကြောင်း၊ နောက်ကြောင်းပြန်လှည့်လိုသူတို့၏ လုပ်ရပ်သာဖြစ်ကြောင်း ဆက်လက် မိန့်ကြားပါသည်။
ကုက္ကိုင်းဗလီဝတ်ကျောင်းတော်နှင့် ဆိုင်ခန်းအား တိုက်ခိုက်ဖျက်ဆီးနေစဉ် ဦးအီဘရာဟင်မ်က ဗဟန်း ရဲစခန်းသို့ တိုင်ကြားခဲ့ပြီး မိနစ်ပိုင်းအတွင်းတွင် အကြမ်းဖက်ဖျက်ဆီးသူများသည် ကားများဖြင့် ထွက်ခွာ သွားကြောင်းသိရသည်။ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးသူများသည် အနက်ရောင်တူညီဝတ်စုံများ ၀တ် ထားကြောင်း၊ ဗလီဘေးတွင် နေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။

အစ္စလာမ် သာသနိကအဆောက်အအုံဖြစ်သည့် ကုက္ကိုင်းဗလီဝတ်ကျောင်းတော်သည် အကြမ်းဖက် တိုက်ခိုက် ခံရမှုကြောင့် ဗလီဆိုင်းဘုတ်နှင့် မှန်များ ကြေမွပျက်ဆီးခဲ့ပြီး ၀တ်ကျောင်းတော်အတွင်းတွင် အုတ်ခဲကျိုးများ စုပုံကျရောက်နေသည်ကို တွေ့ရသည်။

ဝတ်ကျောင်းတော်ဘေးကပ်လျက်ရှိ ရှေးဟောင်းပစ္စည်းဆိုင်ကိုမူ တံခါးများ ရိုက်ချိုးဖျက်ဆီးခဲ့ပြီး အဖိုးတန် ရှေးဟောင်းပစ္စည်းများကို လမ်းမပေါ်အထိ ဆွဲထုတ်ကာ  ရိုက်ချိုးဖျက်ဆီးမှုများကြောင့် ကာလတန်ဖိုး ကျပ်သိန်း ၅၀ ဖိုးခန့် ဆုံးရှုံးမှုရှိကြောင်း ဆိုင်ပိုင်ရှင်၏ အစ်ကိုဦးသန်းမြင့်က ပြောကြားသည်။

 

သတင်းနှင့် ဓါတ်ပုံ myanmarmuslim.net

Tags:

Leave a Reply