6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၅၊ ၂၀၁၄
M-Media

10885422_815155335193605_6353224258783027119_n

– ချယ်ဆီးအသင်းမှ ထွက်ခွာခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် အင်္ဂလန်လက်ရွေးစင်နည်းပြအဖြစ် မဆောင်ရွက်ရန် ဇနီးသည်၏ တားမြစ်မှုမှာ မှန်ကန်ခဲ့သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

ယူရို ၂၀၀၈ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခြင်းမရှိသည့် မက္ကလာရင်၏ နေရာအား အစားထိုးရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က မော်ရင်ဟိုအား ကမ်းလှမ်းခဲ့ပြီး မော်ရင်ဟိုကလည်းထိုရာထူးအား ရယူရန် စိတ်တိမ်းညွှတ်ခဲ့သေးသည်။

သို့သော်လည်း ဇနီးဖြစ်သူ မာတီလ်ဒီ ဖာရီယာကမူ နိုင်ငံတကာပွဲများအကြားတွင် ၎င်းမှာ ပျင်းလာနိုင်သည်ဟု တားမြစ်ခဲ့သောကြောင့် ထိုရာထူးကို လက်မခံခဲ့ခြင်းဟု မော်ရင်ဟိုက ဖွင့်ဟခဲ့သည်။

`သူ(ဇနီးဖြစ်သူ) မှန်ခဲ့ပါတယ်။ အဲဒီအချိန်က သိပ်စောနေပါသေးတယ်။ (ကလပ်အသင်းကို) နေ့စဉ်နေ့တိုင်း စီမံခန့်ခွဲရတာကို ကျွန်တော်ကြိုက်ပါတယ်။ နောက်ပြီး နေ့စဉ်ဖိအားတွေ၊ လေ့ကျင့်တာတွေ၊ ခရီးသွားတာတွေ၊ ပွဲစဉ်တွေ၊ ယှဉ်ပြိုလိုစိတ်တွေကိုလည်း ကျွန်တော် နှစ်သက်ပါတယ်။ နောက်ပြီး ကျွန်တော် သေသေချာချာမှတ်မိတာက အဲဒီအချိန် အင်္ဂလန်ရဲ့ နောက်ထပ်ပွဲဟာ ပြင်သစ်နဲ့ ခြေစမ်းပွဲပါ။ ဘယ်သူတွေကို ရွေးရမယ်၊ ဘယ်သူတွေကို ကစားခိုင်းမယ်၊ ဘယ်လိုလုပ်မယ်ဆိုတာအထိ ကျွန်တော် စဉ်းစားခဲ့ပါတယ်´ ဟု မော်ရင်ဟိုက
BT Sport နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထိုအချိန်တွင် ဇနီးဖြစ်သူက အင်္ဂလန်အသင်း၏နောက်ထပ်ပွဲမှာ နှစ်လခန့်လိုသေးကြောင်း၊ ထိုနှစ်လအတွင်း ဘာလုပ်မလဲဟု မေးခဲ့ကြာင်း၊ အင်္ဂလန်နည်းပြ ရာထူးမှာ မိမိအတွက် နောက် နှစ် ၂၀ လောက်အထိပင် ဆောင်ရွက်ရန်မသင့်ကြောင်း သတိပေးခဲ့သည်ဟု မော်ရင်ဟိုက
ထပ်လောင်းပြောကြားခဲ့သည်။

ထို့နောက်မော်ရင်ဟိုမှာ အင်တာမီလန်အသင်းအား ကိုင်တွယ်ခဲ့ပြီး ဖလားသုံးလုံးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ရီးယဲလ်၊ ထို့နောက် ချယ်ဆီးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

Ref: Goal.com

Leave a Reply