6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မန္တလေး အကြမ်းဖက်မှုဖြစ်စဉ်တွင် ကိုထွန်းထွန်း အသတ်ခံရမှု နှင့် ပတ်သက်ပြီး စွပ်စွဲ ဖမ်းဆီးထားသည့် အစ္စလာမ်ဘာသာဝင် ၁၁ ဦးအား ထောင်ဒဏ် ၁၀ နှစ်ကျော်စီ ချမှတ်

ဒီဇင်ဘာ ၃၁ ၊၂၀၁၄

610x343x20141230_115819.jpg.pagespeed.ic.rNSCcLsNUc

ယခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော မန္တလေး ပဋိပက္ခတွင် အသတ်ခံခဲ့ရသော ကိုထွန်းထွန်း အမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသည့် တရားခံ ၁၁ ဦးကို မနေ့က မန္တလေးခရိုင် တရားရုံးတွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း ဧရာဝတီ သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

“ဒီအမှုမှာ ပါဝင်ခဲ့ကြတဲ့ ၁၁ ယောက်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ကနေ ၁၃ နှစ် အထိ အမိန့်ချမှတ်ခဲ့တာပါ။ အခု အမိန့်ချမှတ်လိုက်တဲ့ လူ ၁၁ ဦးဟာ ကိုထွန်းထွန်းကို သတ်တဲ့အမှုမှာ အားပေးကူညီမှုနဲ့ တချို့က လက်နက်မှု ပါတယ်။ လူသတ်မှုနဲ့တော့ မစွဲထားဘူး” ဟု အမိန့်ချမှတ်ခံရသူထဲတွင် ပါဝင်သူတဦးဖြစ်သည့် ဗိုလ်မှူးဟောင်း ဦးမြင့်ဦး ( မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ) ကို ကူညီဆောင်ရွက် ပေးနေသည့် ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီကို ပြောပါတယ်။

ထိုသို့ အမိန်ချခံရသူထဲတွင် ပါဝင်သည့် တရားခံ ၅ ဦးသည် အမှုတွင် ပါဝင်ပတ်သတ်မှု မရှိဘဲ ထောင်ဒဏ် ချခံနေရကြောင်း၊ တရားခံများ အတွက် ဆက်လက်ပြီး အယူခံ ဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားကြောင်း ဖော်ပြထားပါတယ်။

ပဋိပက္ခတွင် အဓိက ပါဝင်ပတ်သက်နေသည့် လူသတ်တရားခံ ၇ ဦးမှာ ယခုအချိန်အထိ လွတ်မြောက်နေသေးကြောင်း၊ ၎င်းတို့ကို တရားခံပြေး ကြေညာပြီး ဝရမ်းထုတ်ထားဆဲ ဖြစ်သည်ဟု ရှေ့နေ ဦးသိန်းသန်းဦးက ဆက်ပြီးပြောပါတယ်။

ယခုနှစ် ဇူလိုင်လ အတွင်းက မန္တလေးမြို့ ချမ်းအေးသာစံ အလယ်ရပ်ကွက်ရှိ “နေ” ကဖေး၊ “ဆန်း” ကဖေး လက်ဖက်ရည်ဆိုင်ပိုင်ရှင် အစ္စလာမ် ဘာသာဝင် ညီအစ်ကို နှစ်ယောက်သည် ဆိုင်မှ အလုပ်သမကို မုဒိန်းမှု ကျူးလွန်သည်ဆိုသော လုပ်ကြံထားသည့် သတင်းများကို သစ်ထူးလွင် ဘလောဂ်နှင့် မွတ်စလင်မ်ဆန်ကျင်ရေး ဝါဒီ ဆရာတော် ဦးဝီရသူတို့မှ ၄င်းတို့၏ ဆိုရှယ်မီဒီယာစာမျက်နှာများတွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်မှုများ ဖြစ်ပွားပြီး အစ္စလာမ်ဘာသာဝင်တို့၏ သုဿန်မှ သင်္ချိုင်းဂူနှင့် အဆောက်အအုံများ မီးရှို့ခံရခြင်း၊ မန္တလေးမြို့ပေါ်ရှိ ဆိုင်ခန်းအချို့နှင့် ယာဉ်များ ဖျက်ဆီး ခံရခြင်းများ ဖြစ်ပွားခဲ့ပြီး ပဋိပက္ခ ဖြစ်ပွားကာ အစ္စလာမ် ဘာသာဝင် တဦး၊ ဗုဒ္ဓဘာသာဝင် တဦး သေဆုံးခဲ့ရပါတယ်။

ထိုအမှုနှင့် ပတ်သတ်ပြီး အမိန့်ချ ခံခဲ့ရသည့် ဗိုလ်မှူးဟောင်း ဦးမြင့်ဦး၏ မိသားစုဝင်ဖြစ်သူ ကိုဖြိုးက “အခင်းဖြစ်တဲ့ အထဲမှာ ကျနော်အဖေနဲ့ ကျနော် အစ်ကို မပါခဲ့ဘူး။ ကျနော်ရဲ့ အစ်ကို ကိုနိုင်လင်းထွန်းက အခင်းဖြစ်တဲ့ ဇူလိုင် ၂ ရက်မှာ ရန်ကုန်မှာပဲ ရှိသေးတယ်။ ဇူလိုင် ၃ ရက်မှာ သူက မန္တလေးကို ရောက်လာတယ်။ အခင်းဖြစ်စဉ်ထဲမှာပါတဲ့ ကိုဖိုးလုံး ဆိုတဲ့သူက ကျနော်အိမ်မှာ ဥပုဉ်ဖြေဖို့အတွက် ညစာလာစားတာ။ ပြီးတော့ ၇ ရက်မှာ ကိုဖိုးလုံးကို လက်နက်မှုနဲ့ တရားစွဲ သွားတယ်။ ဇူလိုင်လ ၂၉ ရက်မှာ အဖေကို စစ်စရာရှိတယ်ဆိုလို့ ကျနော်ရဲ့ အစ်ကို ကိုနေလင်းထွန်းက လိုက်ပို့ရင်းနဲ့ နှစ်ယောက်စလုံးကို ဖမ်းလိုက်တာပါ” ဟု ပြောကြားကြောင်း ဧရာဝတီသတင်းဌာနရဲ့ ဖော်ပြချက်အရသိရပါတယ်။

အမိန့်ချခံခဲ့ရသည့် တရားခံများမှာ မော်လဝီခမ်းလေး (ခ) သောင်းမြင့်ထူး၊ အောင်ဇော်ထွန်း (ခ) မော်ရက်၊ သန်းဝင်း(ခ) ဖိုးဇော် တို့သည့် ပုဒ်မ ၃၀၂ (၂) /၁၁၄ ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ဥပဒေ ၃၂၄ အရ ထောင်ဒဏ် ၂ နှစ်၊နှင့် ၄၂၇ အကျိုးပျက်ရာ ပျက်စီးကြောင်း ထောင်ဒဏ် ၆ လတို့ ဖြစ်ပြီး၊ အောင်ခန့်၊ ထွန်းထွန်း (ခ) ဖိုးညို၊ သီဟ၊ ဗိုလ်မှူးဟောင်း ဦးမြင့်ဦး၊ နိုင်လင်းဦးတို့အား ၃၀၂ (၂) / ၁၀၉ ထောင်ဒဏ် ၁၀ နှစ်နှင့် အောင်မြတ်ဦး၊ ရဲထက်အောင်တို့ကို ၃၀၂ (၂) / ၁၀၉ ထောင် ၁၀ နှစ်နှင့် ဦးဇော်ထွေး (ခ) ဖိုးလုံး ကို ၃၀၂ (၂) /၁၀၉ ထောင်ဒဏ် ၁၀နှစ်နှင့် လက်နက် ကိုင်ဆောင်မှုဖြင့် ၁၉ (စ) ထောင်ဒဏ် ၃နှစ် ချမှတ်ခံခဲ့ရပါတယ်။ တရာခံ ၁၁ ဦးစလုံးသည် အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြပါတယ်။

ထိုပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးခဲ့သည့် အစ္စလာမ် ဘာသာဝင် ကိုစိုးမင်းကို သတ်သည့် တရားခံ ၄ ဦးကို ပြီးခဲ့သည့် အောက်တိုဘာ လက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

ကိုးကား – ဧရာဝတီသတင်းဌာန

တရားခံအဖြစ် စွပ်စွဲပြီး ထောင်ဒဏ် ၁၀ ကျော်ချမှတ်ခံရသည့် အသက် ၆၀ ကျော် ဗိုလ်မှူးဟောင်း ဦးမြင့်ဦး တရားရုံးရှေ့ ရဲအချူပ်ကားပေါ် တက်နေစဉ် (ဓာတ်ပုံ – ဧရာဝတီ)

Leave a Reply