6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၃၊ ၂၀၁၅
M-Media

Prince Ali bin Al Hussein

– မိမိအနေဖြင့် ဖီဖာဥက္ကအဖြစ် ရွေးချယ်ခံရပါက ပိုမိုပွင့်လင်းမြင်သာပြီး တိုးတက်လာသည့် အဖွဲ့တစ်ခုအဖြစ် ပြောင်းလဲသွားမည်ဟု ဂျော်ဒန်အိမ်ရှေ့မင်သား အလီ ဘင် အလ် ဟူစိန်က ပြောကြားခဲ့သည်။

လက်ရှိတွင် ဖီဖာဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် မင်းသားအလီမှာ ဖီဖာ၏ ဥက္ကဌနေရာအတွက် ဆပ်ဘလတ္တာနှင့် ယှဉ်ပြိုင်သွားမည့် ၎င်း၏ အစီအစဉ်ကို ပြီးခဲ့သည့် တစ်ပတ်က ကြေညာခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်မှုများနှင့် ပတ်သက်၍ ချစားမှုများရှိခဲ့သည်ဆိုသော သတင်းများကြောင့် နာမည်ပျက်နေသော ဖီဖာအားပြောင်းလဲမှုများ ပြုလုပ်မည်ဟု ကတိပေးခဲ့သူလည်းဖြစ်သည်။

`ဖီဖာဟာ နည်းနည်းလျှို့ဝှက်တဲ့ အဖွဲ့အစည်း ဖြစ်နေပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာ ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံး အားကစားနည်းပါ။ ဒါ့ကြောင့် ကျွန်တော်တို့ ယုံကြည်မှုရှိရမှာဖြစ်ပြီး၊ ပွင့်လင်းဖို့၊ လူတိုင်းနဲ့ စေ့စပ်ဆွေးနွေးဖို့ကိုလည်း ဆောင်ရွက်ရပါလိ့မ်မယ်´ဟု မင်သားအလီက စနေ့နေ့တွင် မဲလ်ဘုန်း၌ ပြုလုပ်ခဲ့သော အာရှဘောလုံးအဖွဲ့ချုပ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်သည့် အလီက မိမိအနေဖြင့် ဖီဖာဥက္ကဌဖြစ်လာရေး နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များ၏ ထောက်ခံအားပေးမှုကို ရရှိရန်အတွက် မိမိရှေ့တွင် ကြီးမားသည့် စမ်းသပ်မှုများ ရှိနေသည်ဟုလည် ၀န်ခံခဲ့သည်။

ထို့ပြင် အလီက ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုများတွင် ချစားမှုများ ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ ဖီဖာ တရားသူကြီးဟောင်း မိုက်ကဲလ် ဂါစီယာ၏ အစီရင်ခံစာကိုလည်း လူသိရှင်ကြား ထုတ်ပြန်ရန် ထပ်မံ တိုက်တွန်းခဲ့သည်။

လွန်ခဲ့သည့် ၁၇ နှစ်ကတည်းက ဖီဖာဥက္ကဌရာထူးကို ရယူထားသူ ဆပ်ဘလတ္တာမှာ ငါးကြိမ်မြောက် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် မေလ ၂၉ ရက်နေ့တွင် ပြုလုပ်မည့် ဥက္ကဌသစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားရန် ရှိနေသည်။

Ref: alarabiya

Tags:

Leave a Reply