6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၁၆ ၊ ၂၀၁၅
M-Media

pencil-2

မဂ္ဂဇင်းများ၌ တမန်တော်မုဟမ္မဒ်(ငြိမ်းချမ်းစေသား)အပေါ် ပုံဖော်ထားချက်တို့အား တွေ့မြင်ရလျှင် မည်သို့မည်ပုံ ရှောင်တခင် တုန့်ပြန်ရမည်၊ သဘောထားရမည်ကို မွတ်စ်လင်မ်များ အတွက် အကြံပြု လမ်းညွှန်ထားသည့် ယေဘူယျ  အချက်များဖြစ်သည်။

၁။ တမန်တော်မြတ်အား ချစ်မြတ်နိုးခြင်းသည် သက်ဝင် ယုံကြည်ခြင်းတရား၌ အပါအ၀င်ဖြစ်သည်
——————————————————————————
တမန်တော်မြတ်အပေါ် ချစ်မြတ်နိုးရခြင်းသည် မွတ်စ်လင်မ်တိုင်း၏ သက်ဝင် ယုံကြည်မှုအတွက် မုချ လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့သည် အကြင် ပုဂ္ဂိုလ်အား ကျွန်ုပ်တို့၏ မိခင်၊ ဖခင်၊ သားနှင့် သမီးများထက် ချစ်ခင်မြတ်နိုး တန်ဖိုးထားကြသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုထက် အကြင် ပုဂ္ဂိုလ်မွန်ကို နှစ်သက်ကြသည်။

၂။ ထိခိုက်နာကြင်နိုင်သည့် အခွင့်အရေးရှိသည်
—————————————————
ကာတွန်းပုံများဖြင့် ထုတ်ဝေဖြန့်ချိခြင်းက ကမ္ဘာ့လူဦးရေ၏ သန်းပေါင်း တစ်ထောင့်ရှစ်ရာ ပမာဏရှိ မွတ်စ်လင်မ်တို့ကို ထိခိုက် နာကြင်စေသည်။ အလားတူပင် တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းစေသား)၏ မဟာ ကိုယ်ရည် ကိုယ်သွေး အပေါ် လေးစားသမှု ရှိကြကုန်သော မွတ်စ်လင်မ် မဟုတ်သူ သန်းပေါင်းများစွာကိုလည်း စိတ်ထိခိုက်စေပါသည်။

၎။ ထိလွယ်ရှလွယ် ကိစ္စများကို လေးစားအပ်သည်
—————————————————–
လွတ်လပ်စွာထုတ်ဖော် တင်ပြခြင်းကို မွတ်စ်လင်မ်တို့မှ အမှန် ယုံကြည်လက်ခံကြသည်။ ထို့ပြင် မိမိတို့မှမှန်ကန်သည်ဟု ယုံကြည်ထားရာ ပြောဆိုခွင့် ဟူသော လူ့အခွင့်အရေးကိုလည်း လေးစားကြသည်။ သို့သော် လွတ်လပ်စွာ ထုတ်ဖော်တင်ပြခြင်း ဟူသည်မှာ ယင်းကဲ့သို့ အကြွင်းမဲ့ အထိန်းအကွပ်မဲ့ မဟုတ်ကြောင်းကိုလည်း ကျွန်ုပ်တို့ သိရှိပြီးလည်း ဖြစ်ပါသည်။ လူသားတို့၏ ပိုင်ဆိုင်မှုနှင့် ဂုဏ်သိက္ခာအား ကာကွယ်ပေးရမည့် ဥပဒေများ ရှိကြပေသည်။ ကျွန်ုပ်တို့သည် လူသားမျိုးနွယ်နှင့် ဘာသာတရား အပေါင်းကို လေးစားအပ်သည်နှင့်အညီ လူတစ်ဦးချင်းစီနှင့် အာဏာပိုင် လက်ဝေခံများအားလုံးထံ ဤသို့ ထိလွယ်ရှလွယ် ကိစ္စများအပေါ် လေးစားမှုရှိရေး အတွက် ကျွန်ုပ်တို့မှ တိုက်တွန်းပါသည်။

၎။ ခန္တီစတရား လက်ကိုင်ပြုပါ
———————————
ကာတွန်းများ ထပ်မံရေးဆွဲဖြန့်ချိဦးမည်၊ မွတ်စ်လင်မ်တို့ အနေနှင့် ထိခိုက်နာကျင် အမျက်ထွက်ဦးမည်မှာလည်း ရှောင်လွှဲမရနိုင်ပါ။ သို့တစေ ကျွန်ုပ်တို့၏ တုန့်ပြန်မှုသည် ကျွန်ုပ်တို့မှ မခံမရပ်နိုင်အောင်ဖြစ်ရသူ၊ ချစ်ခင်မြတ်နိုးရသူ၏ သြ၀ါဒပုံရိပ်သာ ဖြစ်ရပါမည်။ ကျွန်ုပ်တို့ ချစ်ကြည်မြတ်နိုး ရပါသော တမန်တော်မြတ်(ငြိမ်းချမ်းစေသား)၏ စာရိတ္တမွန် အတိုင်း ခန္တီစတရား၊ နားလည်မှု၊ သိမ်မွေ့ခြင်းနှင့် မေတ္တာကို ရင်ဝယ်ပိုက်ထားခြင်းက အကောင်းဆုံး ရှောင်တခင် တုန့်ပြန်မှု မည်ပေသည်။

“ထိုမှတပါး အသိအလိမ္မာ ကင်းမဲ့သူများမှ ၎င်းတို့အား စကားပြောဆိုကြသောအခါ ၎င်းတို့သည် ပဋိပက္ခကင်းငြိမ်းသော အပြစ်မဖြစ်စေသောစကားကို ပြောဆိုကြကုန်၏” ဟူသည့် ကျမ်းတော်မြတ်ကုရ်အာန်(၂၅း၆၃)၏ ဆိုထားချက်အတိုင်း ကျွန်ုပ်တို့သည် ဂုဏ်သိက္ခာရှိရှိဖြင့် မိမိ၏ စိတ်ရိုင်းကို ချွန်းအုပ်ထားနိုင်ရပါမည်။

ကျွန်ုပ်တို့၏ အလေးကဲမှုကြောင့် ကာတွန်းများကို မရည်ရွယ်ဘဲ ပိုမို ထင်ရှားခွင့် မပေးမိစေပါနှင့်။ မွတ်စ်လင်မ်တို့သည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူများထဲတွင် တည်ငြိမ်ခြင်း၊ ငြိမ်းချမ်းခြင်း စွဲမြဲတည်ရှိနေပါစေ။ တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းစေသား) လက်ကိုင်ပြုတော်မူ ခဲ့သော ကုရ်အာန့် စကားအရ အဆိုးကို အကောင်းနှင့် တုန့်ပြန်တတ်ရပါမည်။ ၎င်းနောက် ဥပဒေကြောင်း အရ အရေးယူမှု၊ ဆန္ဒ ထုတ်ဖော်ခြင်း၊ စာပေ၊ တရားတော်နှင့် အညီ အခြား လမ်းကြောင်းများကို  ဆောင်ရွက်နိုင်ပေသည်။

၆။ ပုံဖော်ချက်က ကိုယ်တော့်ပုံရိပ်အား မညှိုးနွမ်းစေပါ
———————————————————
တမန်တော်မြတ်(ငြိမ်းချမ်းစေသား) အပေါ် ပုံဖော်သရော်ချက်များသုံး၍ ကိုယ်တော့် ပုံရိပ်အား မည်သူမျှ ညှိုးနွမ်းအောင် မပြုနိုင်ကြပါ။ ကိုယ်တော်မြတ်သည် ထိုအချက်များမှ ကင်းလွတ် သန့်စင်၍ဖြစ်သည်။ အလ္လာဟ်အသျှင်မြတ် မိန့်တော်မူထားပါသည်။

“ထိုမှတပါး ငါအသျှင်မြတ်သည် အသင်(မုဟမ္မဒ်)၏ ဂုဏ်သတင်းကို ကျော်စောစေပြီး ဖြစ်တော်မူသည်”                    ကုရ်အာန်(၉၄း၎)

ကျွန်ုပ်တို့သည် ယင်းသို့သော စိတ်မချမ်းမြေ့မှုချိန်ခါသမယများကို ဆုမွန်များစွာတောင်းဆိုခြင်း၊ ကိုယ်တော့်အား ကောင်းခြီးပေး မေတ္တာ ပို့သခြင်းတို့ဖြင့် ကျော်ဖြတ်သင့်ပါသည်။ အလ္လာဟ်အသျှင်မြတ်၏ ကရုဏာ၊ ငြိမ်းချမ်းမှုနှင့် ကောင်းခြီးမင်္ဂလာတို့သည် ကိုယ်တော့်ဝိဥာဏ ထံသို့ သက်ရောက်တော်မူပါစေ။

၆။ ကိုယ်တော့်ပေါ်ထားရှိသည့် အချစ်တရားကို ထုတ်ဖော်ပါ
—————————————————————
အသင့်ခံစားချက်များအကြောင်းကို အခြားသူများ သိစေပါ။ တမန်တော်မြတ်ပေါ် ထားရှိသော အသင့်အချစ်ကို ထုတ်ဖော်ပြောဆိုပါ။ ကျွန်ုပ်တို့၏ယုံကြည်ချက်အပေါ် လှောင်ပြောင်ခြင်းကို အမျက်ဖြစ်ခြင်းသည် နည်းလမ်းကျနကြောင်း အသင်၏ မွတ်စ်လင်မ်မဟုတ်သော မိတ်ဆွေများ သိရှိအောင်လုပ်ရန် မတွန့်ဆုတ် မရှက်ရွံ့ပါနှင့်။ ကျွန်ုပ်တို့၏ နဗီ(တမန်တော်)ကို ကျွန်ုပ်တို့မှ မည်မျှ ချစ်ခင်မြတ်နိုးကြောင်း လူတို့ သိရှိထားရန် လိုအပ်ပါသည်။

၇။ လေ့လာပါ၊ မျှဝေပါ
———————–
မဟာတမန်တော်မြတ်ကြီး မုဟမ္မဒ်(ငြိမ်းချမ်းစေသား) အကြောင်းကို ဆထက်ထမ်းပိုး လေ့လာ၍ ထုတ်ဖော်မျှဝေပေးလိုက်ပါ။

xxxxxxxxxxxxx

Shaykh Yunus Haleebi နှင့် Yahya Adel Ibrahim ရေးသားသော 7 Guidelines on How to React to Cartoons of the Prophet Muhammad ကို “ သြရသ ရေချမ်း ” မှ ဆီလျော်အောင်ပြန်ဆိုသည်။

Leave a Reply