ဇန်န၀ါရီ ၁၈၊ ၂၀၁၅
M-Media
– ဆောင်းရာသီအပြောင်းအရွှေ့တွင် နောက်ခံလူတစ်ဦး မခေါ်ယူနိုင်ခဲ့ပါက မိမိတို့အသင်းမှာ အလွန်အန္တရာယ်များမည်ဖြစ်ပြီး ကစားသမားသစ်များကို ခေါ်ယူရန် ကြိုးစားသွားမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
အာဆင်နယ်အသင်း၏ အားထားရသော နောက်ခံလူ ဒီဘောက်ချီမှာ ပခုံးဒဏ်ရာကြောင့် ၃ လခန့် အနားယူရမည် ဖြစ်သောကြောင့် အာဆင်နယ်နောက်တန်းတွင် ပြဿနာရှိနေသည်။ ၀င်းဂါးကလည်း နောက်တန်းအားနည်းမှုကို ၀န်ခံခဲ့ပြီး နောက်ခံလူအသစ် ထပ်မခေါ်ဘဲ
ကျန်ရှိသည့်ရာသီဝက်ကို ဖြတ်သန်းနိုင်မည်လားဟု သတင်းထောက်များက မေးမြန်းရာ ၀င်းဂါးက
`ကျွန်တော်တို့ ဖြန်သန်းနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ (ကာလန်) ချိန်ဘာ၊ မာတာဆက်ကာနဲ့ ကွန်စီယဲလ်နီတို့ ရှိနေတာကြောင့်ပါပဲ။ ဒါပေမယ့် အခုတော့ နောက်ခံအလယ်လူအဖြစ် ကစားနိုင်တဲ့ ဒီဘောက်ချီကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ပါတယ်။ (နာချို) မွန်ရီယဲလ်က နောက်ခံအလယ်လူအဖြစ် ကစားနိုင်ပါတယ်။ ဂစ်ဘ်ကလည်း နားနေရတယ်။ တကယ်လို့ နောက်ထပ် တစ်ယောက်နှစ်ယောက်လောက် ဒဏ်ရာရသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ ရုန်းကန်ရပါတော့မယ်။ သိပ်အန္တရာယ်များပါတယ်´ ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ကမ္ဘာ့အဆင့်နောက်ခံလူတစ်ဦး ရှာဖွေရန်အတွက် ခက်ခဲနေကြောင်း၊ သို့ရာတွင် ကစားသမားများခေါ်ယူရန်အတွက် မိမိတို့က ကြိုးစားနေကြောင်း အာဆင်ဝင်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
Ref: goal.com
Comments