ဇန်န၀ါရီ ၂၂၊ ၂၀၁၅
M-Media
– နိုင်ငံအတွင်းနှင့် ကမ္ဘာတစ်ဝှမ်းရှိ ခြောက်သွေ့သော ဒေသများတွင် ရေရှားပါးမှုများ လျှော့ချနိုင်ရေးအတွက် မိုးပိုမိုရွာသွန်းနိုင်မည့် နည်းလမ်းများရှာရာတွင် ကန်ဒေါ်လာ ၅ သန်း သုံးစွဲသွားမည်ဟု ယူအေအီးနိုင်ငံက အင်္ဂါနေ့တွင် ကတိပြုလိုက်သည်။
ယူအေအီးနိုင်ငံမှာ မိုးခေါင်သော ပင်လည်ကွေ့ဒေသတွင် မိုးတိမ်တုနည်းပညာကို အသုံးပြု၍ မိုးရွားအောင်ဖန်တီးယူသော ပထမဆုံး နိုင်ငံဖြစ်ပြီး ယခု ဒေါ်လာ ၅ သန်းမှာ သုံးနှစ်တာကလတွင်း နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပရှိ ခြောက်သွေ့သော ဒေသများတွင် မိုးပိုရွာနိုင် မည့် နည်းလမ်းများကို ရှာဖွေရာ၌ သုံးစွဲရန်အတွက် ဖြစ်သည်။
ယူအေအီး ဒုတိယ၀န်ကြီးချုပ် ရှိခ် မန်ဆူးရ် ဘင် ဇေယာဒ် အလ် နဟ်ယန်ကမူ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းရန်အတွက် ပိုမိုဆန်းသစ်သော သိပ္ပံနည်းကျ နည်းလမ်းများ ရရှိရန် မိမိတို့နိုင်ငံက အာရုံစိုက် ဆောက်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
`တည်ငြိမ်တဲ့ ရေအရင်းအမြစ်ကို ရဖို့ဆိုတာဟာ ထိရောက်တဲ့ အဖြေတွေရှာဖို့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အရာအတွက် အဓိက စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်´ ဟု ရှိခ် မန်ဆူးရ်က ဆိုသည်။
ပြီးခဲ့သည့်နှစ် ရမ်ဇာန်ဥပုသ်လ အခါသမယဖြစ်သာ ဇူလိုင်လကလည်း ရေရှားပါးသည့်ဒေသမှ လူပေါင်း ၅ သန်းကို သောက်ရေ ဝေငှနိုင်ရေးအတွက် သောက်ရေ အကူအညီပေးရေး လှုပ်ရှားမှုတစ်ခုကို ယူအေအီးနိုင်ငံက ပြုလုပ်ခဲ့သည်။ အဆိုပါ လှုပ်ရှားမှုမှာ အောင်မြင်ခဲ့ပြီး ရန်ပုံငွေ ကန်ဒေါ်လာ ၄၉ သန်းအထိ ရရှိခဲ့ကာ လူပေါင်း ၇ သန်းကို သောက်ရေ အကူအညီပေးနိုင်ခဲ့သည်။
ယူအေအီးနိုင်ငံမှာ မိုးခေါင်ရေရှားသည့် ဒေသတစ်ခုဖြစ်ပြီ တစ်နှစ်လုံးတွင် မိုးရေချိန် ၁၀၀ မီလီမီတာအောက်သာ ရရှိသည်။ ထို့ပြင် မြေပြင်မှရေများ ရေငွေ့ပျံမှုနှုန်းမြင့်မားပြီး မြေအောက်ရေကလည်း နိုင်ငံအတွင်း တစ်နှစ်တာ ရေသုံးစွဲမှုပမာဏကို ဖြည့်မပေးနိုင်ခြင်း မရှိချေ။
Ref: alarabiya
Comments