6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၃၀၊ ၂၀၁၅
M-Media

uk

– Facebook စာမျက်နှာပေါ်တွင် မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်များကို ရေးသားခဲ့သည့် အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့တော်ကောင်စီမှ အလုပ်သမားတစ်ဦးကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး ထိုလုပ်ရပ်မှာ ၀န်ထမ်းများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဟု ယူဆကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

`ကျွန်တော်တို့ဝန်ထမ်းတွေဆီက အဆင့်ရှိတဲ့ အပြုအမူကိုပဲ မျှော်လင့်ပြီး ဒါကို အရေးကြီးတဲ့ ကိစ္စလို့ မှတ်ယူပါတယ်။ သက်ဆိုင်ရာဝန်ထမ်းကိုတော့ ရာထူးက ထုတ်ပယ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်´ ဟု မန်ချက်စတာကောင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Mnchester Evenign News သတင်းစာသို့ ဇန်န၀ါရီ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါဝန်ထမ်းမှာ အသက် ၄၆ နှစ်အရွယ်ရှိ ဒေ့ဗ် ဘောလ်ဒါစတုန်းဆိုသူဖြစ်ပြီး အိုင်တီပညာရှင်တစ်ဦးဖြစ်သည်။ ၎င်းမှာ အစ္စလာမ်ဆန့်ကျင်ရေး လက်ယာစွန်းရောက် ဗြိတိန်အမျိုးသားပါတီ၏ ပို့စ်တစ်ခုတွင် အစ္စလာမ်ဆန့်ကျင်ရေး မှတ်ချက်ကို ရေးသားခဲ့ခြင်းဖြစ်သည်။

၎င်း၏ ထိုလုပ်ရပ်နှင့်ပတ်သက်၍ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသည်ဟု ပြည်သူတစ်ဦးက Manchester Evenging News (MEN) သို့ ဆက်သွယ်ပြောကြားခဲ့ပြီးနောက် မြို့တော်ကာင်စီက ဒေ့ဗ်အား အလုပ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

`MEN ကို ဆက်သွယ်ခဲ့တဲ့ လူရဲ့ တိုင်ကြားချက်ကို မရပေမယ့် MEN က ရခဲ့တဲ့ အချက်အလက်ကို အခြေခံပြီး ကောင်စီရဲ့ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်အတိုင်း ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမှာပါ´ ဟု ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောကြားခဲ့သည်။

ကောင်စီမှ အလုပ်ထုတ်ပယ်ခဲ့ပြီးနောက် ဒေ့ဗ်ကလည်း ၎င်း၏ Facebook စာမျက်နှာ အလုပ်အကိုင်နေရာတွင်
`ကိုယ်ပိုင်အလုပ်အကိုင်´ ဟု ချက်ချင်းပြောင်းလဲခဲ့သည်။

တရားဝင် စစ်တမ်းကောက်ယူမှုများ မရှိသော်လည် ဗြိတိန်တွင် အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၂ သန်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။

Ref: onislam

Tags:

Leave a Reply