6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၃၀၊ ၂၀၁၅
M-Media

IS

– IS အဖွဲ့၏ ပါကစ္စတန်တပ်မှူးဟု ယုံကြည်ရသူတစ်ဦးက ၎င်းတို့အဖွဲ့အတွက် ထောက်ပံ့ငွေများကို အမေရိကန်မှတစ်ဆင့် ရရှိနေသည်ဟု ပါကစ္စတန်လုံခြုံရေးအေဂျင်စီများသို့ ပြောကြားခဲ့သည်ဟု ပါကစ္စတန်ရှိ နာမည်ကြီး အူရဒူသတင်းစာ Daily Express တွင် ဖော်ပြခဲ့သည်။

အဆိုပါတပ်မှူးမှာ အလ်ဆလာဖီဆိုသူဖြစ်ပြီး ဇန်န၀ါရီ ၂၂ ရက်နေ့က အဖွဲ့ဝင်နှစ်ဦးနှင့်အတူ ပါကစ္စတန်နိုင်ငံ လာဟိုးရ်မြို့တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

`စုံစမ်းစစ်ဆေးမှုအတွင်းမှာ ယူဆွဖ်အလ်ဆလာဖီက သူ့အနေနဲ့ ပါကစ္စတန်ကအဖွဲ့ကို လှုပ်ရှားဖို့၊ ဆီးရီးယားသွားတိုက်ဖို့အတွက် လူသစ်စုဆောင်းဖို့ ထောက်ပံ့ငွေတွေကို အမေရိကန်လမ်းကြောင်းကနေ ရတယ်လို့ ပြောပါတယ်´ ဟု စုံစမ်းစစ်ဆေးရေးနှင့် နီးစပ်သည့် သတင်ရင်းမြစ်တစ်ခု၏ ပြောကြားမှုကို Daily Express သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် ဆီးရီးယားသို့ပို့ရန် စစ်သားသစ်များကို စုဆောင်းနေသည်ဟု ဆလာဖီက ဖြောင့်ချက်ပေးခဲ့ပြီး တပ်သားသစ်တစ်ယောက်အတွက် အမေရိကန်ဒေါ်လာ ၆၀၀ စီ ရရှိသည်ဟုလည်း ဆိုသည်။ ထိုလုပ်ငန်းတွင် အခြားသူများလည်း ပါဝင်ကြောင်း ၎င်းက ၀န်ခံခဲ့သည်။

`IS ရဲ့ လုပ်ဆောင်မှုတွေကို အမေရိကန်က ရှုတ်ချနေပေမယ့် ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ဒီအဖွဲ့အစည်းတွေအတွက် ရန်ပုံငွေဟာ အမေရိကန်ကတစ်ဆင့် သွားနေတာကို ရပ်တန့်နိုင်ခြင်းမရှိပါဘူး။ အမေရိကန်ဟာ သူ့ရဲ့အကျိုးအတွက် ဒီအုပ်စုကို ငွေကြေးထောက်ပံ့ပေးနေတယ်။ ဒါ့ကြောင်ပဲ ဆီးရီးယားမှာ တိုက်ခိုက်မှုမလုပ်ဘဲ အီရတ်မှာသာ ဒီအဖွဲ့ကို တိုက်ခိုက်နေတယ်ဆိုတဲ့ ယူဆချက်ကို အမေရိကန်အစိုးရက ချေဖျက်ရပါမယ်´ ဟု သတင်းစာတွင် ထည့်သွင်းရေးသားထားသည်။

သို့သော်လည်း အမေရိကန်၏ မည်သည့်နေရာက အဆိုပါ ငွေကြေးများလာသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ပေ။

ထိုကိစ္စနှင့်ပတ်သက်၍ ပါကစ္စတန်လုံခြုံရေး တာဝန်ရှိသူတစ်ဦးကလည်း ထိုသတင်းမှာ ဟုတ်မှန်ကြောင်း ထိုကိစ္စများမှာ ဒေသတွင်းမီဒီယာများတွင် ယခင်က အကြိမ်ရေများစွာ ဖော်ပြခဲ့ဖူးပြီး အမေရိကန်-ပါကစ္စတန် ဆက်ဆံရေးနယ်ပယ်မှာပင် ပါဝင်နေကြောင်း ပြောကြားခဲ့သည်။

ဆလာဖီမှာ IS အဖွဲ့အတွက် လူသစ်စုဆောင်းရန် တူရကီမှတစ်ဆင့် လွန်ခဲ့သည့် ၅ လက ပါကစ္စတန်သို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။

Ref: RT

Tags:

Leave a Reply