6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
M-Media

Muslims join hands to form a human shield as they stand outside a synagogue in Oslo

– အိမ်နီးချင်းဒိန်းမတ်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ဂျူးဘုရားကျောင်း တိုက်ခိုက်မှုကို ရှုတ်ချမှုနဲ့အတူ မိမိတို့ နိုင်ငံက ဂျူးအသိုင်းအ၀ိုင်းကို ကာကွယ်မယ်ဆိုတဲ့ သန္ဓိဌာန်ကို ဖော်ကျူးတဲ့အနေနဲ့ နော်ဝေနိုင်ငံက ရာနဲ့ချီတဲ့ မွတ်စလင်တွေဟာ လက်တွေကိုယ်စီချိတ်လို့ မြို့တော်အော်စလိုက ဂျူးဘုရားကျောင်းကို ၀န်းရံခဲ့ကြပါတယ်။

ယမန်နေ့က အဲဒီဂျူးဘုရားကျောင်းမှာ မွတ်စလင်တွေက ငြိမ်းချမ်းရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီးတဲ့နောက် ဒီလို သရုပ်ဖော်ခဲ့တာဖြစ်ပြီး “ဂျူးဆန့်ကျင်ရေး အလိုမရှိ။ အစ္စလာမ်ကြောက်ရောဂါ အလိုမရှိ” ဆိုတဲ့ ကြွေးကျော်သံကိုလည်း ကျွေးကြော်ခဲ့ကြပါတယ်။

“လူသားဝါဒဆိုတာ တစ်ခုတည်းရှိတာဖြစ်ပြီ ဒါကို ကျွန်တော်တို့က ဒီမှာပုံဖော်တာပါ” လို့ ဒီငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့ သူတွေထဲက တစ်ဦးဖြစ်သူ ဇီဟန်အဘ်ဒူလာက အော်စလိုရဲ့ တစ်ခုတည်းသော ဂျူးဘုရားကျောင်းမှာ ကျင်းပတဲ့ အခမ်းအနားကို လမ်းတွေပြည့်လျှံအောင် လာရောက်စုဝေးခဲ့ကြတဲ့ နော်ဝေမွတ်စလင်တွေနဲ့ အခြားသော နော်ဝေနိုင်ငံသားတွေကို ပြောကြားခဲ့ပါတယ်။

“စစ်ကို လိုလားသူတွေထက် ငြိမ်းချမ်းရေးကို လိုလားသူတွေက ပိုပါတယ်။ လူသားထုအတွက်၊ ငြိမ်းချမ်ရေးအတွက်၊ ချစ်ခြင်းမေတ္တာအတွက် မတူကွဲပြားတဲ့ ဘာသာတရားတွေ နောက်ခံဘက်ဂရောင်းတွေကြားထဲမှာ မျှော်လင့်ချက်တွေ ရှိနေတုန်းပါပဲ” လို့ အဘ်ဒူလာက ဆိုပါသေးတယ်။

နော်ဝေက ဂျူးအသိုင်းအ၀ိုင်းဟာ ဥရောပမှာ အနည်းဆုံးဖြစ်ပြီး လူပေါင်း ၁၀၀၀ ၀န်းကျင်လောက်သာရှိပါတယ်။ နော်ဝေလူဦးရေ ၅.၂ သန်းမှာ မွတ်စလင်အရေအတွက်ကတော့ ၁၅၀၀၀၀ ကနေ ၂၀၀၀၀၀ လောက်ရှိပါတယ်။

ဒိန်းမတ်နိုင်ငံက ဂျူးဘုရားကျောင်းကို ပါလက်စတိုင်းနွယ်ဖွားတစ်ယောက်က သေနတ်နဲ့ပစ်ခဲ့လို့ ဂျူးလူမျိုးတစ်ယောက် သေဆုံးခဲ့ပြီးတဲ့နောက်မှာ မိမိတို့နိုင်ငံအတွင်းက ဂျူးတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ အသိစိတ်တွေက နော်ဝေမွတ်စလင်တွေထဲ ၀င်ရောက်လာခဲ့ပြီး “ငြိမ်းချမ်းရေးဂိုဏ်း” လို့ခေါ်တဲ့ အဖွဲ့တစ်ခုဖွဲ့ဖို့ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စီစဉ်ခဲ့ကြတာပါ။

ဒီအစဉ်ကို စီစဉ်ခဲ့တဲ့ သူတွေထဲက တစ်ဦးက “တကယ်လို့များ အကြမ်းဖက်သမားတွေဟာ အစ္စလာမ်ရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်ချင်ရင်တော့ ကျွန်တော်တို့မွတ်စလင်တွေကို အရင်ဆုံး ရင်ဆိုင်ရမှာပါပဲ။ ဂျူးမုန်းတီးမှု ပုံစံအားလုံးကို ပြင်းပြင်းထန်ထန် စက်ဆုပ်ရွံရှာတယ်ဆိုတာနဲ့ အဲဒီဂျူးလူမျိုးတွေကို အားပေးထောက်ခံတယ်ဆိုတာ ကျွန်တော်တို့ ပြသချင်ပါတယ်” လို့ သူတို့ရဲ့ စိတ်သဘောထားကို ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။

မွတ်စလင်တွေရဲ့ ဒီလိုစိတ်ဓာတ်မျိုးအတွက်လည်း ဂျူးခေါင်းဆောင်တွေက ချီးကျူးခဲ့ကြပြီး ဂျူးအဖွဲ့အစည်းရဲ့ အကြီးအကဲဖြစ်သူ အာဗင်ခွန်က “သူတို့လုပ်ဖို့ စီစဉ်ထားတာက တစ်ကယ်လို့ နော်ဝေမှာရှိတဲ့ ဂျူးလူမျိုးတွေကို တစ်ယောက်ယောက်က တစ်ခုခုလုပ်တော့မယ်ဆိုရင် သူတို့က အရင်ဆုံး ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုးပါပဲ။ ဒါဟာ သိပ်ကို အပြုသသဘောဆောင်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“ငြိမ်းချမ်းရေးဂိုဏ်း” လို့ခေါ်တဲ့ ဒီငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းမယ့်အခမ်းအနားမှာ လူ ၅၀ ၀န်းကျင်လောက်ပဲ လာမယ်လို့
ခန့်မှန်းထားပေမယ့် တစ်ကယ်တမ်းမှာတော့ ဂျူးဘုရားကျောင်းတည်ရှိရာ ဘာဂျက်စတီယန် လမ်းမကြီးတစ်ခုလုံး ပြည့်လျှံသွားခဲ့ပါတယ်။

လူနည်းစုက လူများစုကို ကာကွယ်ပေးရမယ်ဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရအတိုင်း ဒီမိုကရေစီ ထွန်းကားတဲ့ နော်ဝေမှာ
ဒုတိယလူများစုဖြစ်တဲ့ မွတ်စလင်တွေဟာ သူတို့ရဲ့တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

Ref: refuters

Leave a Reply