ဖေဖော်ဝါရီ ၂၃ ၊ ၂၀၁၅
M-Media
သတင်း/ဓါတ်ပုံ- မိုးစက်
အမည်အရင်းမှာ ဦးတင်ဦးဖြစ်ပြီး အဖ ဦးမောင်ကို အမိ ဒေါ်သက်တင်တို့မှ မန္တလေးမြို့၌ ၁၉၃၃ ခုနှစ်တွင် မွေးဖွားခဲ့
အသက် (၁၈) နှစ်တွင် တပ်ထဲတွင်ရှိသည့် ဦးလေးများကို အားကျပြီး စစ်တပ်ထဲသို့ ၁၉၅၄ခုနှစ်တွင် ၀င်ရောက်ခဲ့၊
တပ်သား စုဆောင်းရေးတွင် (၆) လ ကြာပြီး သ.န.တ-၄ (သေနတ်ကိုင်တပ်ရင်း) တွင် တာဝန်ထမ်းဆောင်ခဲ့၊
တပ်ထဲတွင် တာဝန်ထမ်းဆောင်စဉ်ကာလ၌ တိုက်ပွဲ (၄) ပွဲတွင် ပါဝင်တိုက်ခဲ့၊
ယင်းတိုက်ပွဲ (၄) ပွဲအနက် တိုက်ပွဲတစ်ခုတွင် တစ်ဖက်ရန်သူကို အောင်မြင်စွာတိုက်နိုင်ခဲ့ပြီး နိုင်ငံတော်အလံကို ထူနိုင်ခဲ့သည့်အတွက် ရာထူး (၃ ရစ်) အထိ တက်ခဲ့၊
ဗိုလ်မှူးချူပ်ကျော်ဇောကလည်း ရွှေတံဆိပ်ဆုဆွဲပြားဖြင့် ဂုဏ်ပြုခဲ့ ကြောင်း ၄င်းက ပြောပြ၊
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထဲ၌ ဗုဒ္ဓဘာသာမဟုတ်သူများကို ခွဲခြားဆက်ဆံမှုများစွာ ပြုလုပ်လာသဖြင့် ၁၉၇၇ ခုနှစ်တွင် စစ်တပ်မှ နှုတ်ထွက်ခဲ့၊
အသက် ၈၂ နှစ် အရွယ် အငြိမ်းစား စစ်သားအိုကြီး ဒဂုံ မြို့သစ်(တောင်ပိုင်း) ၊ ၇၀ ရပ်ကွက်တွင် နေထိုင်ပြီး ဘဝကို ခက်ခဲစွာ ဖြတ်သန်းလျက်ရှိ၊
Comments