6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅
M-Media

brz 1

ဘရာဇီးလ်ရဲတပ်ဖွဲ့ စီးနင်းမှုတစ်ခု

 

– ပြီးခဲ့သည့်တစ်ပတ်က အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးကို ဘရာဇီးလ်ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့သည့် အဖြစ်အပျက်အား မှတ်တမ်းတင်ထားသည့် ဗီဒီယိုတစ်ခုမှာ ယမန်နေ့တွင် ထွက်ပေါ်ခဲ့သည်ဟု သိရသည်။

ရီယိုဒီဂျနေရိုးတွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်တွင် သေဆုံးသွားသူမှာ အလန် ဒီ ဆူဇာ လီမာဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့ကမူ မိမိတို့မှာ မူးယစ်မှောင်ခိုသမားများအား ပစ်မှတ်ထားသည့် စစ်ဆင်ရေးတွင် မှားယွင်းပစ်ခတ်မိခြင်းဟု ပြောကြားခဲ့သည်။

သို့သော်လည်း သေဆုံးသွားသူ လီမာ၏ မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသည့် အခင်းဖြစ်ပွားရာ ဗီဒီယိုကို G1 Globo သတင်းဌာနက ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုမဖြစ်ပွားခင် လူငယ် ၃ ဦးမှာ ဆော့ကစားနေသည်ကို တွေ့ရှိခဲ့ရသည်။

ထိုအချိန်တွင် လူတစ်ယောက် ၎င်းတို့သုံးဦးအား “အဘယ့်ကြောင့် ထွက်ပြေးနေသလဲ”ဟု မေးမြန်းခဲ့ရာ ၎င်းတို့က “ကစားနေတာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် လီမာနှင့် ၎င်း၏ သူငယ်ချင်း ချူအန် ဂျမ်ဘရီတို့မှာ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရပြီး ဖုန်းက အောက်သို့လွတ်ကျကာ ဆက်လက် မှတ်တမ်းတင်နေခဲ့သည်။

အဆိုပါဗီဒီယို ပေါ်ထွက်လာပြီးနောက် တာဝန်ရှိသူများက မိမိတို့အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီး
ရဲတပ်ဖွဲ့ဝင်အများအပြားကိုလည်း ရာထူးမှအနားပေးထားသည်ဟု ပြောကြားခဲ့သည်။

“ဒီဗီဒီယိုကို ဆန်းစစ်ပြီးတဲ့နောက်မှာ စစ်ရဲ တပ်မှူး ကာနယ် အလ်ဘာတို ပင်ဟီရိုနီတိုက စုံစမ်းစစ်ဆေးမှုတွေ ချက်ခြင်းလုပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ရဲအရာရှိ ၉ ဦးကိုတော့ ရာထူးက အနားပေးထားပါတယ်” ဟု ဘရာဇီးလ် စစ်ရဲဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ဒဏ်ရာရရှိခဲ့သည့် ဂျမ်ဘရီကမူ ရဲတပ်ဖွဲ့၏ စောစောပိုင်းပြောကြားချက်ကို ငြင်းဆိုခဲ့ပြီး ၎င်း၏ သူငယ်ချင်းလီမာမှာ တမင်သက်သက် ပစ်မှတ်ထားခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ဗီဒီယိုကို ဂျမ်ဘရီကိုယ်တိုင် သတင်းဌာနသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထိုပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် စနေနေ့က မြို့တော် ရီယိုဒီဂျနေရိုးတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ဘတ်စ်ကားများနှင့် ထရပ်ကားများကို ဆန္ဒပြသူများက မီးရှို့ခဲ့ကြသည်။

Ref:Channelnewsasia

Tags:

Leave a Reply