6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၀ ၊ ၂၀၁၅
M-Media
သက်ဝေနှင်း ရေးသည်။
peace1
ငွေ … ငွေ … ငွေ သည်  လူသားတို့၏ အသိဥာဏ် ဖွံဖြိုးတိုးတက် လာခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော တန်ဖိုးဖြတ် ကိရိယာ တစ်ခုပင် ဖြစ်ပေသည်။

လူသည် အသိဥာဏ် ဖွံ့ဖြိုးတိုးတက်လာသောအခါ ယုံကြည်မှု၊ ကိုးကွယ်မှုများ အဆင့်ဆင့်ပြောင်းလဲလာ၏။ မီး၊ ရေ၊ လေ၊ နေ အစမှသည် နတ်ရုပ်တု၊ ဆရာသခင်၊ ဘုရား အစရှိသဖြင့် ကိုးကွယ်ယုံကြည်မှုများ ပြောင်းလဲဖြစ်ပေါ်လာသည်။ လူဟူ၍ ဖြစ်ပေါ်လာပြီဆိုသည်နှင့် ကမ္ဘာဦးအစမှသည် ယခုထိတိုင် တူညီသော မပြောင်းလဲသော လူတို့၏လုပ်ငန်းများမှာ အသက်ရှင်နေထိုင်ရန် အစားအစာကို ရှာဖွေခြင်းနှင့် လူသားမျိုးနွယ်ဆက်များ ဆက်လက်ဖြစ်ထွန်း တည်တံ့စေရန်၊ ဖိုနှင့်မ ကာမဆက်ဆံစပ်ယှက်မှုပင် ဖြစ်၏။ လူသည် တစ်ခြားတစ်ခြားသော ပညာရပ်များကိုသာ သင်ယူသင်ကြားမှ တတ်မြောက်နိုင်မည်ဖြစ်သော်လည်း ဤကိစ္စနှစ်ခုမှာမူ အထူးတလည် သင်ကြားပေးရန်မလို။ အရွယ်ရောက်ပြီဆိုသည်နှင့် အလိုအလျောက်ပင် သိရှိဖြစ်ပေါ်လေ့ရှိ၏။

ကမ္ဘာဦး လူ့သမိုင်း၏အစပိုင်းတွင် ရှာဖွေစားသောက်မှုသည် ရိုးရှင်း၏။ တစ်စတစ်စ အသိဥာဏ် ဖွံ့ဖြိုးတိုးတက်လာသည့် အခါ ပစ္စည်းခြင်းဖလှယ်၊ အသိခြင်းဖလှယ်၍ နေထိုင်စားသောက်တတ်လာ၏။ ထိုထက်မက ပို၍ပို၍ အသိဥာဏ်ဖွံ့ဖြိုးတိုးတက်လာသည့်အခါ ငွေကြေးဖြင့် လဲလှယ်ရမည့် စနစ် ပေါ်ထွန်းလာ၏။ လူ့ဘောင်လူ့လောကတွင် လူတို့၏ ကိုးကွယ်ယုံကြည် အားထားရာမှာ ပထမနေရာတွင် ဘုရားသခင်၊ ဒုတိယနေရာတွင် ငွေကြေးဆိုသလိုပင် ဖြစ်လာ၏။ ငွေသည် ယဉ်ကျေးတိုးတက်သော လူသားတို့၏နယ်ပယ်တွင် အဓိကကျသော အရာပင်ဖြစ်လာသည်။ လူသည် မိမိထက် အစစအရာရာတွင် အနည်းငယ်သာနေပြီဆိုလျှင် သူသည် မိမိထက်အားထားဖွယ်ရာ ကိုးကွယ်ရာဟု ယူဆလေ့ရှိကြ၏။ ရှေးရှေးကလူသားများသည် ဘုရားသခင်ကိုရှာဖွေကြ၏။ ယခုမူ ငွေကိုရှာဖွေကြ၏။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ငွေကို လူတို့သည် ကိုယ်တိုင်ရှာဖွေမှသာ ရနိုင်သည်ဆိုသည်ကို မည်သို့မျှငြင်းပယ်၍မရ ဟူသော အသိတရားတစ်ခုကို တွေ့ရှိရသည်။ ငွေရရှိနိုင်ရန် အဓိကအရင်းအနှီးမှာ မိမိကိုယ်မိမိပင်ဖြစ်၏။ ငွေရှိလျှင် (သဘာဝတရားမှလွဲ၍) ဘာကိုမဆို (လူတို့ကိုယ်တိုင် တီထွင်ဖန်းတီးထားခြင်းများ) ရရှိနိုင်သည် မဟုတ်ပါလား။ ငွေပင်သည် မြေကြီးမှ ပေါက်လာခြင်း မဟုတ်သကဲ့သို့ ကောင်းကင်မှ ကျရောက်လာခြင်းလည်း မဟုတ်ပေ။ ငွေဟူသော ဒုတိယဖန်းဆင်ရှင်ကိုပင် လူဟူသည့်မိမိက ရှာဖွေပြုလုပ်ခဲ့ကြသည်။ သို့ဆိုလျှင် ငွေရှိဖို့အတွက် မိမိသာလျှင် အဓိကအကျဆုံး တန်ဖိုးအရှိဆုံး မဟုတ်ပါလား။ ငွေကြေး ချမ်းသာခြင်း၊ ငွေကြေး ဆင်းရဲနွမ်းပါးခြင်းများသည်လည်း မိမိ၏ ဦးနှောက်အသိနှင့် မိမိ၏လုပ်အား ခန္ဓာကိုယ်အရွေ့ပေါ်တွင်ပင် တည်မှီ၏။

ဤသို့ဆိုလျှင် သင့်အားချုပ်ကိုင်နိုင်သော၊ သင့်အားခိုင်းစေနိုင်သော၊ သင့်အား ရှင်စေ သေစေ ပျော်စေ စိတ်ညစ်စေနိုင်သော မျက်စိနှင့်မြင်တွေ့နေရသော ထိုငွေကြေးတန်ဖိုးများသည် လူသားတို့၏လက်ထဲ၌ပင် ဖြစ်နေရှိနေလေသည်။ မိမိမမြင်နိုင် မိမိမတွေ့နိုင်သော မိမိတို့ယုံကြည်မှု တစ်ခုထဲဖြင့်သာ ပိုင်းခြားကန့်သတ်၊ သတ်မှတ်ထားလေသော ကိုးကွယ်မှုများသည် အဘယ်မှာရှိမည်နည်း။ အဘယ်နေရာတွင်ရှာဖွေရမည်။ ရှာဖွေသင့်သည်နည်း။ အသင်လူသား သင်၏ဦးနှောက်နှင့် သင်၏နှလုံးသား သင်၏သွေးကြောမျှင်များနှင့် သင်အသုံးချနေသော သင်၏ခန္တာကိုယ်ထဲတွင် သင်ပြန်၍ရှာဖွေပါ။ သင်၏ကိုးကွယ်ရာ ဘုရားသခင်သည် သင်၏နှလုံးသား၊ သင်၏အတွင်း၌ ကိန်းဝပ်၍ သင့်အားကောင်းခြင်းဆိုးခြင်းများကို သင်ကိုယ်တိုင်ပင် ဆုံးဖြတ်သုံးသပ်၍ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် သင်၏ ဦးနှောက်အား အသုံးချခြင်းဖြင့် သင်၏ ကိုးကွယ်ရာ အစစ်ကို ရှာဖွေနိုင်ပေလိမ့်မည်။

ဘာသာတရားအားလုံးရှိ ရှေ့ဆောင်ဆရာသခင်များ၏ ကောင်းရာညွှန်လပ်သည့် တရားများလမ်းစဉ်တော်များအား သေချာစွာ သဘောပေါက် နားလည်ခြင်းအားဖြင့် သင့်အတွက်ကိုးကွယ်ရာအစစ်ကို တွေ့ရှိလားမေးလိမ့်မည်။ အဟိတ်တိရစ္ဆာန်လောကတွင် ရေနေသတ္တဝါ၊ ကုန်းနေသတ္တဝါ၊ လေနေသတ္တဝါ အစရှိသဖြင့် အကွဲကွဲအပြားပြား တည်ရှိသည်။ ယနေ့လူသားဆိုသည်မှာကား လူသားဟူ၍တစ်မျိုးတည်း တစ်စားတည်း ကမ္ဘာမြေကြီးပေါ်တွင် ရပ်တည်လျက်ရှိပေ၏။ ခွဲခြားခြင်းသည်ပင် လူသားများ၏ပြုလုပ်ချက်၊ သင်သိထားမည်ဆိုလျှင် ယနေ့ကမ္ဘာကြီးသည် ငြိမ်းချမ်းသာယာလှပလာပေလိမ့်မည် မလွဲပင်တည်း။

သက်ဝေနှင်း

Leave a Reply