6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၃၊ ၂၀၁၅
M-Media

– ရုရှားအတိုက်အခံခေါင်းဆောင် ဘောရစ်နမ်စတော့ဗ် အသတ်ခံရမှုအတွက် နိုင်ငံတကာမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ဥရောပသမဂ္ဂမှ လွှတ်တော်အမတ်များက ယမန်နေ့တွင် တောင်းဆိုလိုက်သည်။ ယခုလက်ရှိတွင် ချေခြင်းညာ ရဲအရာရှိဟောင်း ဒါဒါယက်ဗ်မှာ အဆိုပါ လူသတ်မှုတွင် ပါဝင်ခဲ့သည်ဟု ၀န်ခံထားသော်လည်း ရုရှားလူ့အခွင့်အရေးကောင်စီက ဒါဒါယက်ဗ်မှာ ညှင်းပန်းနှိပ်စက်မှုကြောင့် ၀န်ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

– အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ နျူအရေး သဘောတူညီချက်ရရှိပါကလည်း အမေရိကန်၏ နောက်အစိုးရတွင် အကြုံးဝင်မည်မဟုတ်ဟု အီရန်အား သတိပေးသည့် ရီပက်ဘလစ်ကန်အမတ်များ၏ စာနှင့်ပတ်သက်၍ အီရန် အဓိပတိ ခါမေနီက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ပြီး၊ အမေရိကန် ကွန်ဂရက်အတွင်း အီရန်အရေးနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ပြောဆိုမှုများမှာလည်း ရူးနှမ်းမှုသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

– IS များထိန်းချုပ်ရာ တီကရစ်မြို့အား သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည့် အီရတ်တပ်ဖွဲ့များမှာ တိုးတက်မှုများ ရရှိနေပြီး မြို့အတွင်းသို့ဝင်ရာတွင် ဗုံးများ၊ စနိုက်ပါသမားများကြောင့် နှောင့်နှေးမှုများ ရှိနေသော်လည်း မြို့၏ နေရာအများအပြားကို ထိန်းချုပ်ထားနိုင်ပြီဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

– မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက် ကမ်းရိုးတမ်းတွင် ကင်ဂျုံအန်ကိုယ်တိုင်ကြီးကြပ်ကာ ယမန်နေ့ ညနေပိုင်းက မြေပြင်မှဝေဟင်ပစ် ဒုံးကျည် ၇ လုံးကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။

Ref: News agencies

Leave a Reply